မြန်မာစကားပြန်လူငယ်အား တရုတ်အလုပ်ရှင်နှင့် အပေါင်းအပါများက ရိုက်နှက်ပြီး ညှင်းပန်းမှု ထိုင်းနာမည်ကြီးရှေ့နေမှ လိုက်ပါကူညီ
မြန်မာစကားပြန်လူငယ်အား တရုတ်အလုပ်ရှင်နှင့် အပေါင်းအပါများက ရိုက်နှက်ပြီး ညှင်းပန်းမှု ထိုင်းနာမည်ကြီးရှေ့နေမှ လိုက်ပါကူညီ
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ထိုင်းနိုင်ငံ၊ လရောင်မြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာ တရုတ်စကားပြန်အဖြစ် လုပ်ကိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦးဟာ ဧပြီလ ၃၀ ရက်နေ့က အလုပ်ရှင်ဟောင်းနဲ့ အပေါင်းအပါ တရုတ်နိုင်ငံသားတွေရဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါလူငယ်ဟာ လုပ်ခလစာရရှိမှု မမှန်တာကြောင့် အလုပ်ရှင်ဟောင်းနဲ့ သဘောတူညီချက်ရယူပြီး အလုပ်ထွက်ခဲ့သူဖြစ်ကာ အလုပ်ရှင်ဟောင်းက လက်ကျန်ငွေပေးချေဖို့ ခေါ်ယူရာကနေ ခုလိုအခြေအနေ ဖြစ်ပွားခဲ့တာပါ။
“အရင်သူဌေးက လက်ကျန် ပိုက်ဆံရှင်းပေးမယ်ဆိုပြီး လာခေါ်လို့ လရောင်မြို့နယ်က တရုတ်စားသောက်ဆိုင် တစ်ခုကို လိုက်သွားခဲ့တာပါ။ အဲ့ဒီက ရုံးခန်းထဲမှာ စုစုပေါင်း တရုတ်အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးရှိနေပြီး သူတို့ထဲက ၆ ဦးက သံတုတ်၊ ဂေါက်တံတွေနဲ့ ရိုက်နှက်တာ၊ လည်ပင်းကို နင်းတာနဲ့ ခန္ဓာကိုယ်ပေါ် ရေနွေးပူလောင်းချတာတွေ ပြုလုပ်ခဲ့ကြတာပါ” လို့ အမှုကိစ္စကို လိုက်လံ ကူညီဆောင်ရွက်ပေးနေသူ Matirath အဖွဲ့မှ ကိုနေလင်းသူက ဖြစ်စဉ်ကို ရှင်းပြပါတယ်။ မြန်မာလူငယ်ကို ညနေ ၃ နာရီခွဲကနေလာခေါ်သွားတာဖြစ်ပြီး ည ၉ နာရီခွဲမှသာ အဆိုပါနေရာက ထွက်လာနိုင်တယ်လို့ သိရပါတယ်။
အဓိကအကြောင်းရင်းကတော့ အဆိုပါ ဆောက်လုပ်ရေးဆိုဒ်ကနေ အလုပ်သမားအချို့ ထွက်ခွာသွားကြတဲ့ကိစ္စမှာ စကားပြန်လူငယ်ကြောင့်လို့ ယူဆပြီး အငြိုးအတေးထားတာ ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ စကားပြန်လူငယ်ဟာ အလုပ်ကမထွက်ခင်မှာ စကားပြန်အသစ်ကို လုပ်ငန်းခွင်အကြောင်း စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ထိုင်းနာမည်ကြီးရှေ့နေ ဖိကန်က အဆိုပါမြန်မာလုပ်သားအတွက် ဆေးရုံကုန်ကျစရိတ်နဲ့ အမှုကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကာယကံရှင်လူငယ်အတွက် ဆေးရုံမှာ ဆေးစစ်ချက်တွေရယူပြီးနောက် ရှေ့နေနဲ့အတူ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ဖို့ ချိန်းဆိုထားတယ်လို့ ကိုနေလင်းသူက ဘီကွန်မြန်မာကို ပြောပြပါတယ်။
Previous Post - ဒူးရင်းသီးဒိုင်က မြန်မာလုပ်သားချင်း ရန်ဖြစ် စကားများရာမှ ဓားဖြင့်ထိုးမှုဖြစ်မြန်မာအလုပ်သမား တစ်ဦး သေဆုံး
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment