ဘန်ကောက်သို့ ဦးတည်လာသည့် အထောက်ထားမဲ့ လုပ်သားများကို ရဲဖမ်းဆီးမြန်မာ ၁၃ ဦးနဲ့ မြန်မာယာဉ်မောင်း ဖမ်းမိ
ဘန်ကောက်သို့ ဦးတည်လာသည့် အထောက်ထားမဲ့ လုပ်သားများကို ရဲဖမ်းဆီးမြန်မာ ၁၃ ဦးနဲ့ မြန်မာယာဉ်မောင်း ဖမ်းမိ
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က မသင်္ကာဖွယ်ကားတစ်စီးကို လိုက်လံပိတ်ဆို့စစ်ဆေးရာကနေ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၃ ဦးကို ဒီကနေ့ မေလ ၆ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီဖမ်းဆီးမှုကို နယ်မြေခံရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး အာရှလမ်းမကြီးပေါ်မှာ စောင့်ကြိုစစ်ဆေးခဲ့တာဖြစ်ပြီး ယာဉ်မောင်းသူ မြန်မာအမျိုးသားနဲ့အတူ လိုက်ပါလာသူအားလုံးကို လက်ရဖမ်းဆီးနိုင်ခဲ့တာပါ။
အဆိုပါကားဟာ မှန်အမည်းတွေတပ်ဆင်ထားပြီး လူအများအပြားတင်ဆောင်ထားတာကြောင့် ကားကိုယ်ထည်ဟာ ပုံမှန်မဟုတ်ဘဲ နိမ့်ဆင်းနေတာကို ရဲတပ်ဖွဲ့က သတိထားမိခဲ့တာဖြစ်ပါတယ်။ စစ်ဆေးချက်အရ ကားပေါ်မှာပါလာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးလုံးမှာ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ မရှိကြပါဘူး။ ရဲတပ်ဖွဲ့က ကားကိုရပ်တန့်ဖို့ အချက်ပြခဲ့ပေမဲ့ မောင်းပြေးဖို့ ကြိုးစားခဲ့တာကြောင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။
ယာဉ်မောင်းဖြစ်သူရဲ့ ထွက်ဆိုချက်အရ သူဟာ နခွန်စဝမ်ခရိုင်ကနေ အလုပ်သမားတွေကို တင်ဆောင်လာပြီး ဘန်ကောက်ကို ပို့ဆောင်ပေးဖို့ ငှားရမ်းခံရတာဖြစ်ပါတယ်။ တစ်ခေါက်ကို ဘတ် ၁၀,၈၀၀ ရရှိပြီး အခုလို သယ်ဆောင်ပေးတာဟာ အကြိမ်ကြိမ်ရှိနေပြီလို့ သိရပါတယ်။ အလုပ်သမားတွေကတော့ မြန်မာပြည်ဘက်ကနေ မဲဆောက်မြို့ကတစ်ဆင့် သဘာဝပေါက်တွေကနေ ခိုးဝင်လာကြတာဖြစ်ပြီး ပွဲစားခအဖြစ် တစ်ယောက်ကို ဘတ် ၁၂,၀၀၀ စီ ပေးခဲ့ကြရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူအားလုံးကို သက်ဆိုင်ရာ မဟာရတ်ရဲစခန်းကို ပို့ဆောင်ထားပြီး ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ အဝေးပြေးရဲထပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Previous Post - တရားမဝင်လမ်းကြောင်းက ဝင်လာတဲ့ တရုတ် ၈ ဦးနဲ့ မြန်မာ ၁ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးကူညီသူ ထိုင်းအမျိုးသားပါ အမှုဖွင့်ခံရ
ထိုင်းနိုင်ငံ၊ စမုပရာကန်တွင် ရေကြီး၍ ယာဉ်ကြောပိတ်ဆို့၊ ဘန်ကောက်တွင်လည်း မိုးဆက်ရွာနိုင်ဟု သတိပေး
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment