ဖူးခက်မှာ ဆိုင်ကယ်နဲ့တိုက်မိလို့ ထိုင်းတစ်ဦး သေဆုံးပြီး ဆိုင်ကယ်စီးသူ တိမ်းရှောင်နေဆိုင်ကယ်စီးလာသူ မြန်မာတစ်ဦး ဖြစ်ဟုဆို
ဖူးခက်မှာ ဆိုင်ကယ်နဲ့တိုက်မိလို့ ထိုင်းတစ်ဦး သေဆုံးပြီး ဆိုင်ကယ်စီးသူ တိမ်းရှောင်နေဆိုင်ကယ်စီးလာသူ မြန်မာတစ်ဦး ဖြစ်ဟုဆို
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်၊ ညပိုင်းက ဖူးခက်မြို့၊ စွိုင်ဖနင်းလမ်းမပေါ်မှာ မြန်မာအမျိုးသားတစ်ဦး မောင်းနှင်တဲ့ ဆိုင်ကယ်က ထိုင်းအမျိုးသား နိုင်ဘွန်ယာဝတ်ရဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့တယ်လို့ ဒေသခံ သတင်းတွေက ဖော်ပြပါတယ်။ ဆိုင်ကယ်တိုက်မိတဲ့အတွက် ထိုင်းအမျိုးသားဟာ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
တိုက်မိပြီးနောက်မှာတော့ မြန်မာအမျိုးသားဟာ ဒဏ်ရာပြင်းထန်နေတဲ့ ထိုင်းအမျိုးသားကို အကူအညီမပေးဘဲ အခင်းဖြစ်နေရာကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ဒေသခံ phuket times သတင်းက ဖော်ပြပါတယ်။ ဒီယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် နိုင်ဘွန်ယာဝတ်ရဲ့ ဦးခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံမှာ အရေးပေါ် ဦးနှောက်ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ဆရာဝန်တွေက အစွမ်းကုန် ကြိုးစားကုသပေးခဲ့ပေမဲ့ ဒဏ်ရာပြင်းထန်တဲ့အတွက် နောက်ဆုံးမှာတော့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာ သေဆုံးသူရဲ့ မိသားစုဝင်တွေက ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး ဖြစ်ပေမဲ့ လက်ရှိချိန်ထိ အမှုက တစ်စုံတစ်ရာ ထူးခြားမလာသေးသလို သံသယရှိသူ မြန်မာအမျိုးသားကိုလည်း ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သေဆုံးသူအတွက် တရားမျှတမှု ရရှိဖို့နဲ့ ထွက်ပြေးနေတဲ့ တရားခံကို အမြန်ဆုံး ဖမ်းဆီးပြီး ဥပဒေအရ ထိရောက်စွာ အရေးယူပေးဖို့ တာဝန်ရှိသူတွေကို မိသားစုဝင်တွေက ဝိုင်းဝန်းတောင်းဆိုနေကြကြောင်း ဒေသခံသတင်းက ဖော်ပြပါတယ်။
Previous Post - ဘန်ကောက်သို့ ဦးတည်လာသည့် အထောက်ထားမဲ့ လုပ်သားများကို ရဲဖမ်းဆီးမြန်မာ ၁၃ ဦးနဲ့ မြန်မာယာဉ်မောင်း ဖမ်းမိ
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment