ဒူးရင်းသီးဒိုင်က မြန်မာလုပ်သားချင်း ရန်ဖြစ် စကားများရာမှ ဓားဖြင့်ထိုးမှုဖြစ်မြန်မာအလုပ်သမား တစ်ဦး သေဆုံး

 


ဒူးရင်းသီးဒိုင်က မြန်မာလုပ်သားချင်း ရန်ဖြစ် စကားများရာမှ ဓားဖြင့်ထိုးမှုဖြစ်မြန်မာအလုပ်သမား တစ်ဦး သေဆုံး

ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

ချန်သဘူရီခရိုင်၊ စလောင်ကျေးရွာက ဒူးရင်းသီးဒိုင်တစ်ခုမှာ မေလ ၃ ရက်နေ့ ညပိုင်းက မြန်မာလုပ်သားနှစ်ဦး စကားများရန်ဖြစ်ရာကနေ လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။  အခင်းဖြစ်ပွားရာနေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိသွားချိန်မှာ အသက် ၂၆ နှစ်အရွယ် မောင်ကျော်မျိုးလင်းဟာ ရင်ဘတ်မှာ ဓားဒဏ်ရာ သတိလစ်လဲကျနေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးသမားတွေက အရေးပေါ်ပြုစုပေးခဲ့ပေမဲ့ ဒဏ်ရာပြင်းထန်လွန်းတာကြောင့် အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူဟာ အသက် ၃၀ အရွယ် မောင်အောင်အောင်ဖြိုး ဖြစ်ပြီး သူ့ကိုလည်း ဦးခေါင်းမှာ ဒဏ်ရာတွေနဲ့အတူ အခင်းဖြစ်နေရာမှာပဲ ဖမ်းဆီးရမိပါတယ်။ သူဟာ ထိုင်းစကား ကောင်းကောင်းမပြောတတ်သလို ရဲတွေက မေးမြန်းတာကိုလည်း ပြန်မဖြေဘဲ နှုတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က သူ့ကို ဆေးရုံမှာ ဆေးကုသမှုခံယူစေပြီး အမှုဖွင့်အရေးယူဖို့အတွက် အနီးကပ်စောင့်ကြည့် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။


မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ သေဆုံးသူနဲ့ ကျူးလွန်သူဟာ အဆိုပါဒူးရင်းသီးဒိုင်မှာ အတူတူအလုပ်လုပ်ကိုင်ကြသူတွေဖြစ်ပြီး အရင်ကလည်း စကားများဖူးတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။ အခင်းဖြစ်တဲ့အချိန်မှာ မြန်မာဘာသာနဲ့ အပြန်အလှန် အော်ဟစ်ဆဲဆိုသံတွေ ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပြီးနောက် ရုတ်ရုတ်သဲသဲဖြစ်ကာ ခုလို ဓားနဲ့ထိုးတဲ့အထိ ဖြစ်ပွားခဲ့တာပါ။ အနီးနားမှာရှိနေတဲ့ တခြားအလုပ်သမား ၃၀ ကျော်ဟာလည်း ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာ မြန်မာနိုင်ငံသားချင်းဖြစ်ပေမဲ့ နေရပ်ဒေသ မတူကြတာကြောင့် မိမိတို့နေရပ်ဒေသ အကြောင်း အချင်းချင်း အကြီးအကျယ် အငြင်းပွားရာကနေ စတင်ခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာတော့ ချန်သဘူရီ မြို့မရဲစခန်းက စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ဖြစ်စဉ်အမှန်ကို အသေးစိတ်သိရှိနိုင်ဖို့အတွက် အနီးနားက သက်သေတွေကို ဆက်လက်စစ်ဆေး မေးမြန်းနေတယ်လို့ Force news က ဖော်ပြပါတယ်။

Previous Post  - ဖူးခက်မှာ ဆိုင်ကယ်နဲ့တိုက်မိလို့ ထိုင်းတစ်ဦး သေဆုံးပြီး ဆိုင်ကယ်စီးသူ တိမ်းရှောင်နေဆိုင်ကယ်စီးလာသူ မြန်မာတစ်ဦး ဖြစ်ဟုဆို

ဘန်ကောက်သို့ ဦးတည်လာသည့် အထောက်ထားမဲ့ လုပ်သားများကို ရဲဖမ်းဆီးမြန်မာ ၁၃ ဦးနဲ့ မြန်မာယာဉ်မောင်း ဖမ်းမိ

တရားမဝင်လမ်းကြောင်းက ဝင်လာတဲ့ တရုတ် ၈ ဦးနဲ့ မြန်မာ ၁ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးကူညီသူ ထိုင်းအမျိုးသားပါ အမှုဖွင့်ခံရ

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက



Comments