❝ခင်ပွန်းရဲ့ ဒုတိယ မင်္ဂလာပွဲကို မယားကြီးကိုယ်တိုင် စီစဥ်ပေးတဲ့ဖြစ်ရပ်❞

 


❝ခင်ပွန်းရဲ့ ဒုတိယ မင်္ဂလာပွဲကို မယားကြီးကိုယ်တိုင် စီစဥ်ပေးတဲ့ဖြစ်ရပ်❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

ထိုင်းနိုင်ငံ၊ Chaiyaphum ခရိုင်က Ban Nong Phai မှာ ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်နေ့က မင်္ဂလာဆောင်တစ်ခု ကျင်းပခဲ့ပါတယ်။.အဲဒီပွဲမှာ အထူးခြားဆုံးကတော့ မင်္ဂလာဆောင်က ယောကျ်ားအတွက် ဒုတိယအိမ်ထောင်ဖြစ်ပြီး ဒီတောင်းရမ်းပွဲကို ကြည်ဖြူစွာနဲ့ မယားကြီးက ဦးဆောင်စီစဥ်ပေးခဲ့တာပါ၊


.ပထမဇနီးဖြစ်သူ Yupin Tadthai ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ Witsanu Prangchaiyaphum အတွက် ဒုတိယ ဇနီးလောင်းဖြစ်လာမယ့် Oruma Janpheng ကို တရားဝင် တောင်းရမ်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ တင်တောင်းရွှေအဖြစ် ဘတ် ၃ သိန်းနဲ့ ရွှေ ၅ ကျပ်သားကို မယားကြီး ကိုယ်တိုင် ကိုင်ဆောင်ပြီး သွားရောက်တောင်းရမ်းပေးခဲ့တာပါ။


.မင်္ဂလာပွဲဟာလည်း တကယ့်ကို စည်စည်ကားကားပါပဲ။ ကားအစီးရေ ၁၀ စီးကျော်အပြင် ဆိုင်ကယ်မောင်း အုပ်စုတွေပါ ပါဝင်ပြီး ရွာလုံးကျွတ်နီးပါး ဆင်နွှဲခဲ့ကြပါတယ်။ မင်္ဂလာအခါတော်ကိုတော့ မနက် ၉ နာရီ ၉ မိနစ်မှာ ထိုင်းရိုးရာအတိုင်း ကျင်းပခဲ့ပါတယ်။

.
မိသားစုဝင်တွေရဲ့ ပြောပြချက်အရ သူတို့ဟာ အိမ်ထောင်သက် နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်ပြီး ကလေးတစ်ယောက်လည်း ရှိပါတယ်။ အခုလို နောက်ထပ်ဇနီး ယူတာဟာ မိသားစုအတွင်း အချင်းချင်း နားလည်မှုယူပြီးမှ လုပ်ဆောင်ခဲ့တာဖြစ်လို့ ဘာပြဿနာမှ မရှိဘူးလို့ သိရပါတယ်။



.ဒီသတင်းဟာ အွန်လိုင်းမှာ တော်တော်လေး ပျံ့နှံ့သွားခဲ့ပြီး လူတွေကတော့ အမျိုးမျိုး ဝေဖန်နေကြပါတယ်။ တချို့ကလည်း မ​ယားကြီးရဲ့ သဘောထားကြီးမှုကို အံ့သြချီးကျူးနေကြသလို၊ တချို့ကလည်း ဒါဟာ တကယ့်ကို ဖြစ်ခဲတဲ့ ထူးထူးခြားခြား ကိစ္စရပ်တစ်ခုလို့ ပြောနေကြပါတယ်။

 Previous Post  -  ❝အကြီးဆုံး ဒိုင်နိုဆောမျိုးစိတ်သစ် ထိုင်းမှာ ရှာဖွေတွေ့ရှိ❞

Comments