❝ဘန်ကောက်မှာ ရထားနဲ့ ကားတိုက်မှု ကွယ်လွန်သူ (၈) ဦးထိရှိလာ❞

 


❝ဘန်ကောက်မှာ ရထားနဲ့ ကားတိုက်မှု ကွယ်လွန်သူ (၈) ဦးထိရှိလာ❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

ဘန်ကောက်မြို့ Makkasan မှာ ခရီးသည်တင် ဘတ်စ်ကားတစ်စီးနဲ့ ရထားတစ်စီး ပြင်းပြင်းထန်ထန် တိုက်မိခဲ့လို့ အနည်းဆုံး လူ ၈ ဦး သေဆုံးသွားပါပြီ။ (အရေအတွက်က ထပ်တိုးနိုင်ပါတယ်)
.
မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ မတော်တဆမှုမဖြစ်ခင်မှာ ရထားလမ်းကူး ဂိတ်တံခါး ဟာ ချို့ယွင်းနေတာ သတိထားမိကြတယ်လို့ ဆိုပါတယ်။ အွန်လိုင်းမှာ တက်လာတဲ့ ဗီဒီယိုဖိုင်တွေထဲမှာလည်း ရထားတိုက်မိတဲ့အချိန်မှာ ဂိတ်တံခါးဟာ ပုံမှန်အတိုင်း ပိတ်မသွားဘဲ တစ်နေရာတည်းမှာတင် အလုပ်မလုပ်တော့ဘဲ ပျက်နေတာပါ။ ဒါကြောင့် ကုန်တင်ရထားဟာ ဘတ်စ်ကားကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိပြီး မီတာ ၅၀ လောက်အထိ တရွတ်တိုက် ဆွဲခေါ်သွားခဲ့ကာ ဘတ်စ်ကားပါ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ ဘတ်စ်ကား တရွတ်တိုက် ပါသွားတဲ့အချိန်မှာ လမ်းပေါ်မှာရှိနေတဲ့ တခြားကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေကိုပါ ဆင့်ကဲတိုက်မိခဲ့လို့ အဲဒီယာဉ်တွေပါ မီးကူးစက်လောင်ကျွမ်းခဲ့ရပါတယ်။



.ရထားနဲ့ တိုက်မိတဲ့အရှိန်ကြောင့် ဘတ်စ်ကားတစ်စီးလုံး ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာချိန်မှာတော့ အသက်မသေဘဲ ကျန်ရစ်သူတွေကို ကားအပျက်အစီးတွေကြားထဲကနေ အသည်းအသန် ကယ်ထုတ်ခဲ့ရပါတယ်။ ဒဏ်ရာရရှိသူတွေကိုတော့ အနီးအနားက ဆေးရုံတွေကို အရေးပေါ် ပို့ဆောင်ပေးထားရပါတယ်။
.
အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သေဆုံးသူဦးရေဟာ ဒဏ်ရာပြင်းထန်သူတွေ ရှိနေတာကြောင့် ဒီထက်မက ထပ်တိုးလာနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ ရဲတပ်ဖွဲ့က ဒီမတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်း အသေးစိတ်ကို သိရဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

Previous Post  - ❝ကျောင်းသားဆီက ဖုန်းသိမ်းပြီး ငွေညှစ်တဲ့ ဘန်ကောက်က ဆရာတစ်ဦး❞

❝ဆပ်ပြာ အကြွင်းအကျန်တွေကနေ ဆပ်ပြာပြန်လုပ်နေတဲ့ ဘန်ကောက်က စက်ရုံ ဖမ်းခံရ❞

❝လေဆိပ်က တံခါးကို စိတ်မရှည်ဘဲ ကန်တဲ့ တရုတ်ဖမ်းခံရ❞

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက



Comments