❝တည်ထောင်တာ ၂၄၄ နှစ် ပြည့်သွားတဲ့ ဘန်ကောက်မြို့ကြီး❞

 


❝တည်ထောင်တာ ၂၄၄ နှစ် ပြည့်သွားတဲ့ ဘန်ကောက်မြို့ကြီး❞

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot

ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ဟာ ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မြို့ တည်ထောင်ခဲ့တာ ၂၄၄ နှစ် ပြည့်တဲ့နေ့ဖြစ်ပါတယ်။  ဒါကြောင့် ဒီနေ့ဟာ ဘန်ကောက်မြို့သားတွေအတွက်ရော၊ ထိုင်းနိုင်ငံသားတွေအတွက်ပါ တကယ့်ကို ထူးခြားတဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါတယ်။

.လွန်ခဲ့တဲ့ ၁၇၈၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ မနက် ၆ နာရီ ၅၄ မိနစ်မှာ (King Rama I) က ကျောက်ဖယားမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ မြို့တော်တိုင် (City Pillar) ကို စိုက်ထူပြီး (Krung Rattanakosin) ဆိုတဲ့ အမည်နဲ့ မြို့သစ်ကို စတင်တည်ထောင်ခဲ့တာပါ။ အဲဒီအချိန်ကစပြီး ဒီနေ့ကို ဘန်ကောက်မြို့ရဲ့ မွေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

."ဘန်ကောက်" (Bangkok) ဆိုတဲ့ နာမည်က "Bang Makok" ဆိုတဲ့ စကားကနေ ဆင်းသက်လာတာလို့ ယူဆကြပါတယ်။ �အယုဒ္ဓယခေတ်ကတည်းက နိုင်ငံခြားသားတွေက ဒီနေရာကို ဘန်ကောက်လို့ပဲ ခေါ်ခဲ့ကြတာပါ။ အခုခေတ် နာမည်ကျော် (Wat Arun) ဘုရားကျောင်းဟာလည်း အရင်က (Wat Makok) လို့ ခေါ်ပါသေးသတဲ့။

.လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်တုန်းက ဘန်ကောက်မှာ လူဦးရေ ၁ သိန်းကနေ ၂ သိန်းဝန်းကျင်ပဲ ရှိခဲ့မယ်လို့ သမိုင်းပညာရှင်တွေက ခန့်မှန်းကြပါတယ်။ အဲဒီနောက်ပိုင်းမှ ကမ္ဘောဒီးယား၊ လာအိုနဲ့ တရုတ်နိုင်ငံက ရွှေ့ပြောင်းလာသူတွေကြောင့် လူဦးရေ တဖြည်းဖြည်း များလာတာပါ။

.၂၄၄ နှစ်တာ ကာလအတွင်းမှာ ဘန်ကောက်ဟာ ရွာငယ်လေးဘဝကနေ ကမ္ဘာကျော်တဲ့ မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့ပါပြီ။ အခုဆိုရင် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှုနဲ့ စီးပွားရေး အချက်အချာဖြစ်ရုံတင်မကဘဲ ကမ္ဘာလှည့်ခရီးသည်တွေ အလာများဆုံး မြို့စာရင်းမှာလည်း အမြဲတမ်း ပါဝင်နေတဲ့ မြို့တော်ကြီး တစ်ခုဖြစ်နေပါပြီ။ ကိုယ်တွေ ရွှေမြန်မာတွေရဲ့ ခိုနားရာနေရာဆိုရင်လည်း မမှားဘူးပေါ့။

.အားလုံးအတွက် လုံခြုံတဲ့ အမိုးတစ်ခုပေးနိုင်တဲ့ ဘန်ကောက်မြို့ကြီး အမြဲစည်ပင်တိုးတက်ပါစေနော်။

Previous Post  - ❝ချင်းမိုင်မှာ PM2.5 ကြောင့် အဆုတ်ရောဂါပြင်းထန်လူနာတွေ များလာ❞

❝နေ့တိုင်း ဘီယာဝယ်တယ်ဆိုပြီး နာမည်ကြီးတဲ့ ထိုင်းဘုန်းကြီး နှင်ထုတ်ခံရ❞

❝Nadech နဲ့ Yaya တို့ရဲ့ မင်္ဂလာပွဲကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားတွေ ရန်ဖြစ်နေ❞

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments