စားပွဲထိုးဝန်ထမ်း အသက် (၂၁) နှစ်အရွယ် မိန်းကလေးတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို နောက်ဆုံးမှာ ဖမ်းမိသွားပြီ
စားပွဲထိုးဝန်ထမ်း အသက် (၂၁) နှစ်အရွယ် မိန်းကလေးတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို နောက်ဆုံးမှာ ဖမ်းမိသွားပြီ
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ချင်းမိုင် (Chiang Mai) ပြည်နယ်၊ ဟန်ဒုံ (Hang Dong) ခရိုင်က လောင်ဂန်သီးခြံထဲမှာ ခါးအောက်ပိုင်း အဝတ်ဗလာနဲ့ သေဆုံးနေတဲ့ အသက် ၂၁ နှစ်အရွယ် PR ကောင်မလေး 'ပရူး' (Praew) ကို လည်ပင်းညှစ်သတ်ခဲ့သူ 'ပွန်း' (Pond) ဟာ အပြစ်ကို ဝန်ခံလိုက်ပြီး သေဆုံးသူရဲ့ မိသားစုကို တောင်းပန်လိုက်ပါတယ်။ ဒါ့အပြင် မိသားစုကို ထပ်မံထိခိုက်စေမယ့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ဖြန့်ဝေနေတာကို ရပ်တန့်ပေးဖို့လည်း ပြည်သူတွေကို တောင်းဆိုထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ အသက် ၃၁ နှစ်အရွယ် မစ္စတာ ပနုဝပ် (Panuwat) ခေါ် 'ပွန်း' ရဲ့ ထွက်ဆိုချက်အရ၊ သေဆုံးသူဟာ နေထိုင်ရေးနဲ့ အလုပ်အကိုင် အခက်အခဲရှိနေလို့ သူနဲ့ သူ့ရည်းစား (သေဆုံးသူရဲ့ ဝမ်းကွဲ) တို့ စောင့်ရှောက်နေတဲ့ အိမ်ရဲ့ အပေါ်ထပ်မှာ နေထိုင်ခွင့်ပြုထားခဲ့တာပါ။ အဲဒီအခန်းရဲ့ လျှောတံခါးဟာ သော့ခတ်လို့မရတဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေ့က ပွန်းဟာ အရက်သောက်ပြီး အိမ်ပြန်လာချိန် အိပ်ပျော်နေတဲ့ ပရူးကိုမြင်ပြီး လိင်စိတ်ထကြွလာခဲ့ပါတယ်။ အဲဒီနောက် မျက်နှာကို အဝတ်နဲ့အုပ်ပြီး ဆံပင်ဖြောင့်စက် ကြိုးနဲ့ လည်ပင်းညှစ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အဓမ္မပြုကျင့်ဖို့ ဘောင်းဘီကို ချွတ်လိုက်ချိန်မှာ သေဆုံးသူဟာ ရာသီလာနေတာကို တွေ့လိုက်ရလို့ အကြံပြောင်းပြီး ဓားပြတိုက်သလို ဟန်ဆောင်ခဲ့ပါတယ်။ အခန်းတံခါးလက်ကိုင်ကို ချိုးဖျက်ပြီး ပိုက်ဆံတွေယူကာ သူမရဲ့အိတ်ကို အိမ်ပြင် ပစ်ထုတ်ခဲ့တာပါ။ ရဲတွေရောက်လာချိန်မှာလည်း ဘာမှမသိတဲ့ နိုင်ငံသားကောင်းတစ်ဦးလို ဟန်ဆောင်ပြီး သက်သေအဖြစ် ကူညီပေးခဲ့သေးတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သူ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးချုပ်နှောင်ထားပြီး ဥပဒေအတိုင်း ဆက်လက်အရေးယူသွားမှာ ဖြစ်ပါတယ်။
[ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား များအတွက် Migrants Care ၏ သတိပေးအကြံပြုချက်]
ဒီသတင်းစဉ်ကို လေ့လာကြည့်ရင် အနီးကပ် နေထိုင်သူတွေဆီကနေ အရက်သေစာ မူးယစ်မှုကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တာကို ထပ်မံတွေ့မြင်ရမှာပါ။ဒါကြောင့် ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ညီအစ်ကိုမောင်နှမတွေ(အထူးသဖြင့် အမျိုးသမီးငယ်တွေ) အနေနဲ့ အဆောင်တွေ၊ အိမ်တွေမှာ စုပေါင်းနေထိုင်တဲ့အခါ ကိုယ့်ရဲ့ အိပ်ခန်းတံခါးကို သော့ခတ်မရတာ၊ လုံခြုံမှုမရှိတာမျိုးတွေကို လျစ်လျူမရှုထားဖို့ အကြံပြုချင်ပါတယ်။ တံခါးမလုံရင် ချက်ချင်း ပြင်ဆင်တာ ဒါမှမဟုတ် နေရာပြောင်းရွှေ့တာတွေ ပြုလုပ်ပြီး၊ အရက်မူးလွန်တတ်သူတွေနဲ့ တစ်အိမ်တည်း အတူနေထိုင်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ အထူးသတိပေး တိုက်တွန်းလိုက်ရပါတယ်။
လိမ်လည်သူတွေရဲ့ ရန်မှကင်းဝေးပြီး အဖမ်းအဆီးကင်းကာ ဘေးကင်းလုံခြုံကြပါစေလို့ Migrants Care မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
အိမ်လည်ကြိုက်တဲ့ မယားကို- ယောက်ကျားက-ဝါးလုံးနဲ့ ခေါင်းရိုက်ခွဲတဲ့ သတင်း။
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment