❝နေ့တိုင်း ဘီယာဝယ်တယ်ဆိုပြီး နာမည်ကြီးတဲ့ ထိုင်းဘုန်းကြီး နှင်ထုတ်ခံရ❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
နေ့တိုင်း ဘီယာဝယ်သောက်နေတယ်ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးသွားတဲ့ ဘုန်းကြီးတစ်ပါးကို အခုတော့ ကျောင်းကနေ နှင်ထုတ်လိုက်ပြီလို့ သိရပါတယ်။
.ထိုင်းနိုင်ငံ ကာလာစင်ခရိုင်မှာ အဲဒီဘုန်းကြီးဟာ ဒေသခံဆိုင်တစ်ဆိုင်မှာ တစ်နှစ်နီးပါးလောက် နေ့တိုင်း ဘီယာလာဝယ်နေတာလို့ ဆိုပါတယ်။ ဆိုင်ရှင်ကလည်း အစမှာတော့ ကျောင်းမှာလုပ်နေတဲ့ အလုပ်သမားတွေအတွက် ဝယ်ပေးတာပဲလို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းကျတော့မှ အဲဒီဘုန်းကြီးကိုယ်တိုင် သောက်နေတာပါတဲ့။
.ဒေသခံတွေက ဒီကိစ္စကို သက်ဆိုင်ရာကို တိုင်လိုက်တဲ့အခါမှာတော့ အဲဒီဘုန်းကြီးက မကျေမနပ်ဖြစ်ပြီး ဆိုင်ကိုပြန်လာပြီးတော့ ဆိုင်ရှင်တွေကို ရန်တောင်လာလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ ဘုန်းကြီးက မူးနေတဲ့ပုံစံလည်း ပေါက်နေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ စစ်ဆေးချက်အရ ဘီယာဝယ်တာဟာ ဘုန်းကြီး Phra Phirun ဆိုတာ ဟုတ်မှန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
.အာဏာပိုင်တွေ ကျောင်းကိုသွားစစ်တဲ့အချိန်မှာတော့ အဲဒီဘုန်းကြီးကို ကျောင်းမှာ မတွေ့ရတော့ပါဘူး။ ကျောင်းမှာကျန်ခဲ့တဲ့ တခြားဘုန်းကြီး ၄ ပါးကို ဆီးစစ်ကြည့်ရာမှာတော့ မူးယစ်ဆေးဝါး သုံးစွဲထားတာမျိုး မတွေ့ရဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ သံဃနာယကအဖွဲ့က အဲဒီဘုန်းကြီးကို သူ့ရဲ့ မူလဇာတိဖြစ်တဲ့ ဆူရင် ခရိုင်က ကျောင်းကို ပြန်ပို့လိုက်ပြီး လက်ရှိကျောင်းကနေ နှင်ထုတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
Previous Post - ❝Nadech နဲ့ Yaya တို့ရဲ့ မင်္ဂလာပွဲကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားတွေ ရန်ဖြစ်နေ❞
ဆုန်ခရန်မှာ ကဲခဲ့တဲ့ ဘုန်းကြီးတွေကို သတိပေးထားပြီး စောင့်ကြည့်အရေးယူမည်
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment