❝Nadech နဲ့ Yaya တို့ရဲ့ မင်္ဂလာပွဲကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားတွေ ရန်ဖြစ်နေ❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ပရိသတ်တွေ အားကျခဲ့ရတဲ့ ထိုင်းထိပ်တန်းမင်းသား (Nadech) နဲ့ မင်းသမီးချော (Yaya) တို့ရဲ့ မင်္ဂလာပွဲဟာ အခုတော့ အွန်လိုင်းပေါ်မှာ အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်လာပါတယ်။
.Nadech ရဲ့ ဇာတိမြို့ဖြစ်တဲ့ ထိုင်းအရှေ့မြောက်ပိုင်း (Isan) ဒေသမှာ ကျင်းပခဲ့တဲ့ ဒီမင်္ဂလာပွဲလေးဟာ ရိုးရာဝတ်စုံတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့ အရမ်းကို လှပပြီး ကျက်သရေရှိလှတာပါ။ အထူးသဖြင့် ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး လူကြီးမိဘတွေဆီက ဆုတောင်းခံတာ၊ လက်ကောက်ဝတ်မှာ ချည်ဖြူဖွဲ့ပေးတာစတဲ့ အီစန်ရိုးရာ ဓလေ့တွေကို လုပ်ဆောင်ခဲ့တာပါ။
.ဒီမင်္ဂလာပွဲ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေ အင်တာနက်ပေါ်မှာ ပြန့်သွားတဲ့အခါ ပရိသတ်အများစုက ချီးကျူးခဲ့ကြပေမဲ့ ကမ္ဘောဒီးယား အင်တာနက်အသုံးပြုသူအချို့ကတော့ မကျေမနပ် ဖြစ်လာကြပါတယ်။ သူတို့က "ဒါဟာ ငါတို့ရဲ့ ယဉ်ကျေးမှုပဲ၊ ထိုင်းက ဒါကို ခိုးယူသုံးစွဲနေတာ " ဆိုပြီး စွပ်စွဲလာပါတယ်။
.ဒါနဲ့ပတ်သက်ပြီး ယဉ်ကျေးမှုပညာရှင်တွေနဲ့ ထိုင်းလူမျိုးတွေဘက်က ပြန်လည်ရှင်းလင်းတာကတော့ ထိုင်းနိုင်ငံရဲ့ မင်္ဂလာဆောင်ဓလေ့တွေဟာ ဒေသတစ်ခုနဲ့တစ်ခု မတူဘဲ ကွဲပြားကြတာဖြစ်ပြီး၊ အခုမြင်ရတဲ့ ကြမ်းပြင်ပေါ်ထိုင်ပြီး လက်ဖွဲ့ချည်တဲ့စနစ်ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အရင်ကတည်းက ရှိခဲ့တဲ့ ဓလေ့တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
.အရှေ့တောင်အာရှနိုင်ငံတွေဟာ သမိုင်းကြောင်းအရရော၊ လူမျိုးနွယ်စုအရပါ ဆက်နွှယ်နေတာကြောင့် အခုလို ယဉ်ကျေးမှုချင်း ထပ်တူကျတာမျိုးတွေ ရှိတတ်တယ်လို့လည်း ထောက်ပြကြပါတယ်။ မင်္ဂလာပွဲကို အကြောင်းပြပြီး အခုတော့ နှစ်နိုင်ငံက ပရိသတ်တွေ အွန်လိုင်းမှာ တိုက်ခိုက်နေကြပါပြီ။
Previous Post - ❝ဆုန်ကရန်လည်ရင်း အပျော်လွန်သွားတဲ့ အိန္ဒိယသားကြီး ... AI နည်းပညာကြောင့် ဗီဇာကုန်မှန်းမိပြီး ပတ္တရားမှာ အဖမ်းခံရ❞
ဆုန်ခရန်မှာ ကဲခဲ့တဲ့ ဘုန်းကြီးတွေကို သတိပေးထားပြီး စောင့်ကြည့်အရေးယူမည်
ပျားကိုက်ခံရပီး ပွဲချင်းပီး အပင်ပေါ်မှာ တွဲလောင်းဆုံးသွားတဲ့ ဦးလေး
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment