❝ချင်းမိုင်မှာ PM2.5 ကြောင့် အဆုတ်ရောဂါပြင်းထန်လူနာတွေ များလာ❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
အခုတလော ချင်းမိုင်မှာရှိတဲ့ လေထုညစ်ညမ်းမှုက တကယ်ကို ကြောက်စရာကောင်းတဲ့ အခြေအနေ ရောက်နေပါပြီ။ PM2.5 မီးခိုးမြူတွေကြောင့် ကျန်းမာရေး သန်စွမ်းတဲ့ လူငယ်တွေတောင် အဆုတ်ပြင်းထန်စွာ ရောင်ရမ်းတဲ့ ဝေဒနာတွေ ခံစားနေရပါတယ်။
.အဆိုးဆုံးကတော့ ချင်းမိုင်နဲ့ ပိုင် (Pai) ဘက်ကို လည်ပတ်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် နိုင်ငံခြားသား ခရီးသည်လေး တစ်ယောက်ပါ။ သူက ဆေးလိပ်လည်း မသောက်ဘူး၊ အရင်ကလည်း ဘာရောဂါမှ မရှိတဲ့ ကျန်းမာသန်စွမ်းသူ ဖြစ်ပေမဲ့ ဒီမီးခိုးမြူတွေကို ခဏလေးအတွင်း အများကြီး ရှူမိလိုက်တာနဲ့ အဆုတ်က ပြင်းပြင်းထန်ထန် ရောင်ရမ်းသွားပြီး အောက်ဆီဂျင် အားပြင်းပြင်း နဲ့ အသက်ရှူပေးခဲ့ရတဲ့အထိ ဖြစ်သွားပါတယ်။ ဆရာဝန်တွေ စစ်ဆေးကြည့်တော့ အဆုတ်ထဲမှာ အဖြူရောင်သွေးဆဲလ်တွေ ပုံမှန်ထက် များနေတာကို တွေ့ရပြီး ဒါဟာ အဆိပ်သင့် မီးခိုးငွေ့တွေကို ရှူမိလို့ ဖြစ်ရတာလို့ အတည်ပြုထားပါတယ်။
.နောက်ထပ် လူနာတစ်ယောက်ဆိုရင် အရင်ကတည်းက အဆုတ်မှာ ပရိုတင်းဓာတ် ပုံမှန်မဟုတ်တဲ့ ရောဂါရှိတော့ အမြဲတမ်း အဆုတ်ဆေး နေရသူပါ။ ဒါပေမဲ့ ဒီလို မီးခိုးမြူ ရာသီမှာတော့ အရင်ကထက် အခြေအနေ ပိုဆိုးသွားပြီး အသက်ရှူစက် တပ်လိုက်ရတဲ့အထိ ဖြစ်သွားပါတယ်။ ဆရာဝန်ကတော့ ဒီလူနာရဲ့ အဆုတ်ထဲက ထွက်လာတဲ့ အရည်တွေထဲမှာ သွေးစတွေတောင် ပါနေလို့ ရောင်ရမ်းမှုက တကယ်ကို ပြင်းထန်နေတာပါလို့ ပြောပါတယ်။
.လက်ရှိမှာ ချင်းမိုင်ရဲ့ လေထုထဲက PM2.5 ပမာဏဟာ သတ်မှတ်ထားတဲ့ အန္တရာယ်ကင်းစင်တဲ့ အဆင့်ထက် အဆပေါင်းများစွာ ပိုများနေပါတယ်။ ဒါကြောင့် ချင်းမိုင်ဘက်မှာ ရှိနေတဲ့သူတွေအနေနဲ့ အပြင်ထွက်ရင် N95 mask ကို သေချာတပ်ကြဖို့၊ အိမ်ထဲမှာပဲ နေဖို့နဲ့ လေသန့်စက် (Air Purifier) တွေ သုံးကြဖို့ ဆရာဝန်တွေက အလေးအနက် သတိပေးထားပါတယ်နော်။
Previous Post - ❝နေ့တိုင်း ဘီယာဝယ်တယ်ဆိုပြီး နာမည်ကြီးတဲ့ ထိုင်းဘုန်းကြီး နှင်ထုတ်ခံရ❞
❝Nadech နဲ့ Yaya တို့ရဲ့ မင်္ဂလာပွဲကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားတွေ ရန်ဖြစ်နေ❞
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment