❝Bangkok Airways နဲ့ BDMS ဆေးရုံအုပ်စု တည်ထောင်သူ ဘီလျံနာသူဌေးကြီး ပရာဆတ် အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်❞
❝Bangkok Airways နဲ့ BDMS ဆေးရုံအုပ်စု တည်ထောင်သူ ဘီလျံနာသူဌေးကြီး ပရာဆတ် အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ပုဂ္ဂလိက ဆေးရုံလုပ်ငန်းစုကြီးဖြစ်တဲ့ Bangkok Dusit Medical Services (BDMS) နဲ့ Bangkok Airways လေကြောင်းလိုင်းတို့ရဲ့ တည်ထောင်သူ၊ နာမည်ကျော် ထိုင်းစီးပွားရေး လုပ်ငန်းရှင်ကြီး ဒေါက်တာ ပရာဆတ် (Prasert Prasarttong-Osoth) ဟာ အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
.၁၉၃၃ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ပရာဆတ်ဟာ မူလက ဆေးဝန်ထမ်းတစ်ဦးဖြစ်ပြီး မဟီဒေါတက္ကသိုလ်၊ ဆီရီရပ်ခ်ျ ဆေးရုံ (Siriraj Hospital) ကနေ ဆေးပညာဘွဲ့ ရရှိခဲ့သူပါ။ သူဟာ ခွဲစိတ်ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ရာကနေ နောက်ပိုင်းမှာ ဆောက်လုပ်ရေး၊ ရေနံရှာဖွေရေး စတဲ့ လုပ်ငန်းနယ်ပယ်တွေထဲကို ခြေလှမ်းချဲ့ထွင်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍနဲ့ လေကြောင်းကဏ္ဍကို ပြောင်းလဲစေခဲ့တဲ့ BDMS ဆေးရုံအုပ်စုကြီးနဲ့ Bangkok Airways လေကြောင်းလိုင်းတို့ကို တည်ထောင်ပြီး ကြီးမားတဲ့ စီးပွားရေးအင်ပါယာကြီးကို တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
.၂၀၂၆ ခုနှစ်အတွက် Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ သူဌေးကြီး ပရာဆတ်ဟာ ဒေါ်လာ ၃.၉ ဘီလျံခန့် ကြွယ်ဝပြီး ထိုင်းနိုင်ငံရဲ့ သတ္တမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သလို ကမ္ဘာ့အဆင့် ၁၁၀၈ ရှိတဲ့ ဘီလျံနာတစ်ဦးလည်း ဖြစ်ပါတယ်။ သူရဲ့ ဈာပနအခမ်းအနားကို ဘန်ကောက်မြို့ရှိ (Wat Thepsirin) ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
Previous Post - ❝တည်ထောင်တာ ၂၄၄ နှစ် ပြည့်သွားတဲ့ ဘန်ကောက်မြို့ကြီး❞
❝ချင်းမိုင်မှာ PM2.5 ကြောင့် အဆုတ်ရောဂါပြင်းထန်လူနာတွေ များလာ❞
❝နေ့တိုင်း ဘီယာဝယ်တယ်ဆိုပြီး နာမည်ကြီးတဲ့ ထိုင်းဘုန်းကြီး နှင်ထုတ်ခံရ❞
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment