❝Terminal 21 မှာ ပစ္စည်းခိုးမိတဲ့ အိန္ဒိယလူမျိုး - ပစ္စည်းတန်ဖိုးရဲ့ အဆ ၂၀ ပြန်လျော်လိုက်ရ❞

 

❝Terminal 21 မှာ ပစ္စည်းခိုးမိတဲ့ အိန္ဒိယလူမျိုး - ပစ္စည်းတန်ဖိုးရဲ့ အဆ ၂၀ ပြန်လျော်လိုက်ရ❞

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

ဧပြီလ ၂၆ ရက်နေ့က ဘန်ကောက်မြို့၊ Asokeမှာရှိတဲ့ Terminal 21 ရှော့ပင်းမောလ်ထဲက  ဆိုတဲ့ ဖုန်းအပိုပစ္စည်းအရောင်းဆိုင်မှာ အိန္ဒိယနိုင်ငံသားတစ်ယောက်ဟာ ဆိုင်ထဲကနေ အိတ်ဆောင်ပန်ကာလေးတစ်လုံးကို ခိုးယူခဲ့တာကြောင့် ဆိုင်ရှင်က မိအောင်ဖမ်းပြီး လျော်ကြေးတောင်းခဲ့ပါတယ်။

အိန္ဒိယလူမျိုးနဲ့ သူ့သူငယ်ချင်းဟာ ဆိုင်ထဲကိုဝင်လာပြီး ပစ္စည်းတွေကြည့်နေရင်း ဝန်ထမ်းတွေ တခြားဖောက်သည်တွေနဲ့ အလုပ်ရှုပ်နေတုန်း အခွင့်ကောင်းယူကာ ဘတ် ၄၉၀ တန် အိတ်ဆောင်ပန်ကာလေးကို ခိုးသွားခဲ့တာပါ။ 

သူတို့ဆိုင်ထဲက ထွက်သွားပြီး တစ်နာရီလောက်အကြာမှာ ပစ္စည်းပျောက်နေတာကို သတိထားမိလို့ CCTV ပြန်ကြည့်ရာကနေ ခိုးသွားမှန်း သိခဲ့ရတာ ဖြစ်ပါတယ်။

ဆိုင်ရှင်ဖြစ်သူဟာ မောလ်ထဲမှာ အဲ့ဒီလူကို လိုက်ရှာရာကနေ အပြင်ကို ထွက်ခါနီးမှာပဲ ပြန်တွေ့ခဲ့တာပါ။လုံခြုံရေးတွေနဲ့အတူ ဖမ်းဆီးပြီး စစ်ဆေးတဲ့အခါမှာတော့ ခိုးယူသွားတဲ့ ပန်ကာလေးကို သူ့ဆီမှာပဲ ပြန်တွေ့ခဲ့ပါတယ်။ 

သူကတော့ ခိုးတာမဟုတ်ဘူး၊ ဝန်ထမ်းကို ပြောပြီးမှ ယူလာတာလို့ ငြင်းခဲ့ပေမဲ့ CCTV မှတ်တမ်းတွေကြောင့် ငြင်းမရတော့ပါဘူး။ဆိုင်ရှင်က ရဲခေါ်ပြီး ဖြေရှင်းတဲ့အခါမှာတော့ ပစ္စည်းတန်ဖိုးရဲ့ အဆ ၂၀ ကို လျော်ကြေးအဖြစ် တောင်းဆိုခဲ့ပါတယ်။ တန်ဖိုးက ဘတ် ၄၉၀ ဆိုတော့ အဆ ၂၀ ဆိုရင် ဘတ် ၉,၈၀၀ ကျသင့်ပါတယ်။ 

.အမှုကြီးမဖြစ်ချင်တာကြောင့် အဲ့ဒီအိန္ဒိယလူမျိုးဟာ တောင်းဆိုတဲ့အတိုင်း အပြည့်အဝပေးလျော်ပြီးမှ ပြန်ခွင့်ရခဲ့ပါတယ်။ထိုင်းနိုင်ငံက ဆိုင်တော်တော်များများမှာ "ပစ္စည်းခိုးယူပါက အဆ ၂၀ (သို့မဟုတ်) အဆ ၅၀ လျော်ရမယ်” ဆိုတဲ့ စည်းကမ်းချက်တွေ ကပ်ထားလေ့ရှိတာကြောင့် အခုလို လျော်လိုက်ရတာလည်း ဖြစ်ပါတယ်။

Previous Post  -  ❝မေလ ၁ ရက်ကစပြီး ထိုင်းတစ်နိုင်ငံလုံး လမ်းမီးတွေကို အချိန်ပိုင်းစနစ်နဲ့ ပိတ်မယ်❞

❝လိပ်အကောင် ၃၀ ကိုယ်ပေါ်ပတ်ပြီး ခိုးသ​ယ်သူ သုဝဏ္ဏဘူမိလေဆိပ်မှာ ဖမ်းမိ ❞

❝ထိုင်းမှာဖြစ်နေတဲ့ တရုတ် လက်ဝါးကြီးအုပ် ဒူးရင်းသီး ပြဿနာ❞

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments