❝လိပ်အကောင် ၃၀ ကိုယ်ပေါ်ပတ်ပြီး ခိုးသယ်သူ သုဝဏ္ဏဘူမိလေဆိပ်မှာ ဖမ်းမိ ❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ သုဝဏ္ဏဘူမိလေဆိပ် လုံခြုံရေးအရာရှိတွေဟာ ထိုင်ဝမ်ကို ပြန်ဖို့ ပြင်ဆင်နေတဲ့ အသက် ၁၉ နှစ်အရွယ် ထိုင်ဝမ်အမျိုးသမီးတစ်ယောက်ကို တားဆီး ဖမ်းမိခဲ့ပါတယ်။
.အဲ့ဒီအမျိုးသမီးဟာ လမ်းလျှောက်တာ ဟန်ချက်မညီဘဲ တောင့်တောင့်ကြီး ဖြစ်နေသလို၊ လူကလည်း ကြောက်လန့်တုန်လှုပ်နေတာကြောင့် အရာရှိတွေက သံသယဖြစ်ပြီး စစ်ဆေး ရှာဖွေလိုက်တဲ့အခါမှာတော့ သူ့ရဲ့ ရင်ဘတ်၊ ဗိုက်နဲ့ ခါးပတ်လည်မှာ အိတ်လေးတွေနဲ့ ထည့်ပြီး တိပ်နဲ့ပတ်ထားတဲ့ "အိန္ဒိယကြယ်လိပ်" အကောင် ၃၀ ကို တွေ့ရှိခဲ့ရပါတယ်။
.ဒီလိပ်အမျိုးအစားဟာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အကာအကွယ်ပေးထားတဲ့ ရှားပါးမျိုးစိတ်တွေပါ။ လိပ်လေးတွေ မလှုပ်ရှားနိုင်အောင် တိပ်တွေနဲ့ တင်းတင်းကြပ်ကြပ် ပတ်ထားခဲ့တာကြောင့် စစ်ဆေးချိန်မှာ လိပ်တစ်ကောင်က သေဆုံးနေရှာပြီး ကျန်တဲ့ ၂၉ ကောင်ကတော့ အသက်ရှင်နေတုန်းပါ။
.လက်ရှိမှာတော့ အဲ့ဒီအမျိုးသမီးကို တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဥပဒေ၊ အကောက်ခွန်ဥပဒေတွေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ လိပ်လေးတွေကိုတော့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနက လွှဲပြောင်းရယူပြီး ပြုစုစောင့်ရှောက်ပေးနေတယ်လို့ဖော်ပြထားပါတယ်။
Previous Post - ❝ထိုင်းမှာဖြစ်နေတဲ့ တရုတ် လက်ဝါးကြီးအုပ် ဒူးရင်းသီး ပြဿနာ❞
❝App နဲ့ ကားခေါ်တဲ့ လုပ်ငန်းတွေကို ပိုပြီး မျက်ခြေမပြတ် စစ်ဆေးတော့မယ့် ထိုင်းအစိုးရ❞
❝သင်္ဘောစီးခ ၁ ဘတ်တိတိ လျှော့ပေးမယ့် ကျောက်ဖယားမြစ် ရေယာဥ်လိုင်းများ ❞
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment