❝ထိုင်းမှာဖြစ်နေတဲ့ တရုတ် လက်ဝါးကြီးအုပ် ဒူးရင်းသီး ပြဿနာ❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းလွှတ်တော်ထဲမှာ ထူးထူးခြားခြားမြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ရယောင်း ရဲ့ လွှတ်တော်အမတ် (Krit Silapachai) က ဒူးရင်းသီးတွေကို လွှတ်တော်ထဲအထိ သယ်လာပြီး ဒူးရင်းတစ်လုံးကို ဘတ် ၁၀၀ နဲ့ ရောင်းလို့ရတယ်ဆိုတဲ့ ပြောဆိုချက်တွေကို လက်တွေ့ချိန်တွယ်ပြပြီး မဖြစ်နိုင်ကြောင်း တုံ့ပြန်တာပါ။
.အခုတလော အွန်လိုင်းမှာ ဒူးရင်းသီးအကောင်းစားတွေကို ဘတ် ၁၀၀ တည်းနဲ့ ရောင်းချပေးနေတယ်ဆိုတဲ့ ဗီဒီယိုတွေ နာမည်ကြီးနေသလို အဲ့ဒီဗီဒီယိုထဲမှာ ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကိုယ်တိုင် ပါဝင်နေတာကြောင့် အမတ်က ဒါဟာဈေးကွက်ကို ပျက်စီးစေနိုင်တယ်လို့ ဝေဖန်လိုက်တာပါ။
.ဒူးရင်းသီး (၃) လုံးကို လွှတ်တော်ထဲမှာ ချိန်တွယ်ပြခဲ့ပါတယ် -
၁။ အလုံးကြီး (၆.၇ ကီလို) - ၂၇၀ ဘတ်ဝန်းကျင် ကျသင့် (၁ ကီလို ၄၀ ဘတ်နှုန်း)
၂။ အလတ်စား (၂.၂ ကီလို) - ၁၈၀ ဘတ်ဝန်းကျင် ကျသင့် (၁ ကီလို ၈၀ ဘတ်နှုန်း)
၃။ အလုံးသေး (၁.၄ ကီလို) - ၁၁၂ ဘတ် ကျသင့်ပါတယ်။
"ဒူးရင်းသီးတစ်လုံး ဘတ် ၁၀၀ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး" လို့ သူက လုံးဝကန့်ကွက်ပြောတာပါ။
.မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ စက်သုံးဆီဈေးတွေ တက်နေတာကြောင့် တောင်သူတွေမှာ စရိတ်ကြီးနေသလို တရုတ်လူမျိုး ဒူးရင်းပွဲစားတွေက ခြံထဲအထိ ဆင်းပြီး ဈေးနှိမ်ဝယ်ယူနေတာ၊ မမှည့်သေးတဲ့ ဒူးရင်းနုတွေကို ခူးရောင်းနေတာတွေကြောင့် ထိုင်းဒူးရင်းရဲ့ နာမည်ပျက်နိုင်ခြေရှိတယ်လို့ သတင်းထွက်နေတာပါ။
.ဘန်ကောက်အမတ် Pitikorn ကလည်း တရုတ်ရင်းနှီးမြှုပ်နှံသူတွေက စိုက်ပျိုးတဲ့ခြံကနေ တင်ပို့တဲ့အထိ တစ်ကွင်းတစ်ဆက်တည်း ထိန်းချုပ်ထားပြီး အမြတ်ငွေတွေက ထိုင်းနိုင်ငံထဲ မစီးဆင်းဘဲ ပြည်ပကို ပြန်ရောက်ကုန်တဲ့ အခြေအနေရှိနေတယ်လို့ သတိပေးထားပါတယ်။�.
လက်ရှိမှာ ထိုင်းဒူးရင်း ၈၀% (တန်ချိန် ၉ သိန်းခန့်) ကို တရုတ်နိုင်ငံကိုပဲ တင်ပို့နေရတာ ဖြစ်ပါတယ်။အမတ်နှစ်ဦးစလုံးက အစိုးရအနေနဲ့ ဒူးရင်းအရည်အသွေးကို သေချာစစ်ဆေးဖို့နဲ့ တရုတ်ပွဲစားတွေရဲ့ လက်ဝါးကြီးအုပ်မှုကို တားဆီးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
Previous Post - ❝App နဲ့ ကားခေါ်တဲ့ လုပ်ငန်းတွေကို ပိုပြီး မျက်ခြေမပြတ် စစ်ဆေးတော့မယ့် ထိုင်းအစိုးရ❞
❝သင်္ဘောစီးခ ၁ ဘတ်တိတိ လျှော့ပေးမယ့် ကျောက်ဖယားမြစ် ရေယာဥ်လိုင်းများ ❞
လျှပ်စစ်မီတာခ တစ်ယူနစ် ၃ ဘတ်သို့ လျှော့ချခြင်းနှင့် ဆိုလာစွမ်းအင် မြှင့်တင်ရေး စီမံချက်များ
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment