"ဘန်ကောက် ဟိုတယ်တစ်ခုတွင် အလှအပခွဲစိတ်မှုဆိုင်ရာ အကြံပေးဆွေးနွေးမှုများ တရားမဝင် ပြုလုပ်ခဲ့သည့် တောင်ကိုရီးယားအမျိုးသားတစ်ဦးကို ထောင်ဒဏ် (၆) လနှင့် ဒဏ်ငွေချမှတ်!"

 


"ဘန်ကောက် ဟိုတယ်တစ်ခုတွင် အလှအပခွဲစိတ်မှုဆိုင်ရာ အကြံပေးဆွေးနွေးမှုများ တရားမဝင် ပြုလုပ်ခဲ့သည့် တောင်ကိုရီးယားအမျိုးသားတစ်ဦးကို ထောင်ဒဏ် (၆) လနှင့် ဒဏ်ငွေချမှတ်!" 

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုတွင် ထိုင်းဖောက်သည်များကို အလှအပဆိုင်ရာ ပလပ်စတစ်ဆာဂျရီ ခွဲစိတ်ကုသမှုအတွက် လိုင်စင်မရှိဘဲ အကြံပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် တောင်ကိုရီးယား ဆရာဝန်တစ်ဦးကို ထိုင်းတရားရုံးက ထောင်ဒဏ် (၆) လနှင့် ဒဏ်ငွေ ဘတ် ၂၀,၀၀၀ ချမှတ်လိုက်ပါတယ်။

ဖြစ်စဉ်အသေးစိတ် အချက်အလက်များ

လူမှုကွန်ရက်ပေါ်တွင် တောင်ကိုရီးယားဆရာဝန်တစ်ဦးနှင့် အလှအပခွဲစိတ်မှုဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်ကြောင်း ကြော်ငြာများ ထွက်ပေါ်လာပြီးနောက် ကျန်းမာရေးဝန်ဆောင်မှုပံ့ပိုးမှုဌာနထံ တိုင်ကြားချက်များ ရောက်ရှိလာခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲများကို ဧပြီလ ၂၅ မှ ၂၆ ရက်အထိ ဘန်ကောက် ဟိုတယ်တစ်ခုတွင် ပြုလုပ်ခဲ့ပြီး၊ တက်ရောက်သူများသည် မှတ်ပုံတင်ကြေး ဘတ် ၅၀၀ ပေးဆောင်ရကာ၊ ခွဲစိတ်မှုခံယူရန် သဘောတူပါက တောင်ကိုရီးယားတွင် ခွဲစိတ်ရန်အတွက် ကြိုတင်ငွေ (Deposit) ဘတ် ၃ သောင်း ပေးသွင်းရပါတယ်။

ကျန်းမာရေးဌာန အရာရှိများက လူနာအဖြစ် ဟန်ဆောင်ကာ လျှို့ဝှက်ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ တောင်ကိုရီးယားဆရာဝန်က အရာရှိ၏ နှာခေါင်းကို ဂွမ်းစဖြင့် ထိုးထည့်စစ်ဆေးခဲ့ရာ ၎င်းလုပ်ရပ်သည် ခွင့်ပြုချက်မရှိဘဲ ဆေးဘက်ဆိုင်ရာလုပ်ငန်း လုပ်ကိုင်ခြင်းမြောက်သဖြင့် အခင်းဖြစ်နေရာ၌ပင် ဖမ်းဆီးခဲ့ပါတယ်။

၎င်းကို လိုင်စင်မရှိဘဲ ဆေးကုသမှု လုပ်ကိုင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းတို့ဖြင့် တရားစွဲဆိုခဲ့ပြီး၊ တရားရုံးက ထောင်ဒဏ် (၆) လ (တစ်နှစ် ဆိုင်းငံ့) နှင့် ဒဏ်ငွေ ဘတ် ၂ သောင်း ချမှတ်ခဲ့ပါတယ်။

 အဆိုပါ တောင်ကိုရီးယားအမျိုးသားသည် ထိုင်းနိုင်ငံသို့ ခရီးသွားဗီဇာဖြင့် အကြိမ် (၁၈) ကြိမ်တိတိ ဝင်ထွက်သွားလာခဲ့ပြီး၊ အရင်ခရီးစဉ်များတွင်လည်း ယခုကဲ့သို့ပင် တရားမဝင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။ ယခုပွဲကို စီစဉ်ပေးသည့် အေဂျင်စီကိုလည်း ဆက်လက်အရေးယူသွားမည် ဖြစ်ပါတယ်။

ဒီသတင်းကိုလေ့လာကြည့်ရင် နိုင်ငံခြားသား ဆရာဝန်တွေ၊ အေဂျင်စီတွေဟာ လူမှုကွန်ရက်ကနေတစ်ဆင့် အလှအပခွဲစိတ်မှု (Plastic Surgery) တွေကို ဆွဲဆောင်ကြော်ငြာပြီး ထိုင်းနိုင်ငံအတွင်း ဟိုတယ်တွေ၊ တိုက်ခန်းတွေမှာ တရားမဝင် အကြံပေးတာ၊ ဆေးကုသတာတွေ လုပ်ဆောင်နေကြတယ်ဆိုတာကို သတိပြုမိမှာပါ။

ဒါကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ညီအစ်ကိုမောင်နှမတွေအနေနဲ့ အလှအပခွဲစိတ်မှုတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ ခံယူတဲ့အခါ အထူးသတိထား ဆင်ခြင်ကြဖို့ အကြံပြုချင်ပါတယ်။

အွန်လိုင်းကြော်ငြာတွေမှာ ဈေးသက်သာတယ်ဆိုပြီး ဟိုတယ်ခန်းတွေ၊ တိုက်ခန်းတွေ၊ အလှပြင်ဆိုင် (Salons) တွေမှာ ခွဲစိတ်တာ၊ မျက်ရစ်ဖော်တာ၊ ဘိုတော့ (Botox) ထိုးတာ၊ Filler ထိုးတာမျိုး လုံးဝ (လုံးဝ) မလုပ်ပါနဲ့။ ဒီလို လိုင်စင်မရှိတဲ့ တရားမဝင်ဆရာဝန်တွေကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်တာ၊ အသက်အန္တရာယ်ပါ ဆုံးရှုံးရတာတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

မိမိရဲ့ ကျန်းမာရေးနဲ့ အလှအပအတွက် လိုအပ်လို့ ခွဲစိတ်ကုသမှု ခံယူချင်ရင် ထိုင်းနိုင်ငံက တရားဝင် လိုင်စင်ရ ဆေးရုံကြီးတွေ၊ နာမည်ကြီး ဆေးခန်းတွေ (Clinics) မှာသာ တရားဝင် စနစ်တကျ ပြသကြဖို့ အထူးသတိပေး တိုက်တွန်းလိုက်ရပါတယ်။

Previous Post  - ❝ထိုင်းက မိုက်ကယ်ဂျက်ဆင်အတု Michael Ramkhamhaeng❞

❝ထိုင်းလူမျိုး အမည်ခံပြီး တရားမဝင်နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းတွေကို နှိမ်နင်းမယ်။❞

Comments