❝ထိုင်းလူမျိုး အမည်ခံပြီး တရားမဝင်နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းတွေကို နှိမ်နင်းမယ်။❞


❝ထိုင်းလူမျိုး အမည်ခံပြီး တရားမဝင်နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းတွေကို နှိမ်နင်းမယ်။❞

ထိုင်းအစိုးရဟာ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံသားတွေကို အမည်ခံပြီး စီးပွားရေးလုပ်ကိုင်တာနဲ့ ငွေကြေးခဝါချတာတွေကို တားဆီးဖို့အတွက် ဥပဒေတွေကို ပိုမိုတင်းကျပ်လိုက်သလို ဌာနဆိုင်ရာအချင်းချင်း အချက်အလက်ဖလှယ်ပြီး စုံစမ်းစစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။
.
၂၀၂၆ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး နာမည်ခံ ဖြစ်နိုင်ခြေရှိတဲ့ ကုမ္ပဏီတွေကို မှတ်ပုံတင်တဲ့အခါမှာ ငွေကြေးဆိုင်ရာ အထောက်အထားတွေကို အရင်ကထက် ပိုမိုတောင်းခံစစ်ဆေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သံသယရှိရတဲ့ ကုမ္ပဏီအရေအတွက်ဟာ ၂၀၂၆ ပထမသုံးလပတ်မှာ ၆၀% ထိ ကျဆင်းသွားပါတယ်။
.
၂၀၂၆ ဧပြီလ ၁ ရက်နေ့ကစပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စစ်ဆေးမှုတွေကို ပိုမိုလုပ်ဆောင်ခဲ့ရာမှာ ဧပြီလ ၂၃ ရက်နေ့အထိ အမည်ခံ တရားမဝင် ဖြစ်နိုင်ခြေရှိတဲ့ ကုမ္ပဏီအရေအတွက်ဟာ မနှစ်ကထက် ၇၅% ထိ သိသိသာသာ လျော့ကျသွားပါတယ်။
.
ပြီးခဲ့တဲ့ အောက်တိုဘာလကနေ အခုအထိ စုံစမ်းစစ်ဆေးမှုတွေအရ အမည်ခံ Nominee လို့ သံသယရှိရတဲ့ ကုမ္ပဏီပေါင်း ၃၀၀ ကျော်နဲ့ ဆက်နွှယ်နေတဲ့ အုပ်စု ၁၁ စုကို တွေ့ရှိထားပါတယ်။ အဲ့ဒီအထဲမှာ သံမဏိလုပ်ငန်း၊ စာရင်းကိုင်နဲ့ အိမ်ခြံမြေလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းတွေ ပါဝင်နေပြီး ဘန်ကောက်၊ ချွန်ပူရီ၊ ဖူးခက်နဲ့ စူရတ်ဌာနီ စတဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတဲ့နေရာတွေကို အဓိကထား စစ်ဆေးနေတာ ဖြစ်ပါတယ်။

Comments