စွမ်းအင်အကျပ်အတည်းကြားတွင် ဘတ် ၄၀၀ ဘီလီယံ ချေးယူမည့် အရေးပေါ်အမိန့်ကို ထိုင်းအစိုးရအဖွဲ့ ထောက်ခံအတည်ပြု

 


စွမ်းအင်အကျပ်အတည်းကြားတွင် ဘတ် ၄၀၀ ဘီလီယံ ချေးယူမည့် အရေးပေါ်အမိန့်ကို ထိုင်းအစိုးရအဖွဲ့ ထောက်ခံအတည်ပြု

ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

အခုတစ်ပတ်အတွင်း ထိုင်းနိုင်ငံရဲ့ စီးပွားရေးလောကမှာ အပြောအများဆုံး သတင်းကတော့ ဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ် (Anutin Charnvirakul) ဦးဆောင်တဲ့ အစိုးရအဖွဲ့ကနေ ဘတ် ၄၀၀ ဘီလီယံတန်ဖိုးရှိတဲ့ "အရေးပေါ် ချေးငွေထုတ်ယူရေးအမိန့်" ကို အတည်ပြုလိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်မက်ပဋိပက္ခတွေကြောင့် ကမ္ဘာ့လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းတွေ တဟုန်ထိုး တက်လာတဲ့ ဒဏ်ကို ကုစားဖို့အတွက် အခုလို အရေးပေါ် ခြေလှမ်းလှမ်းလာတာ ဖြစ်ပါတယ်။ 

အဓိက အကြောင်းရင်းကတော့ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ "စွမ်းအင်အကျပ်အတည်း" ပါပဲ။ လောင်စာဆီဈေး တက်လာတာနဲ့အမျှ သယ်ယူပို့ဆောင်ရေး စရိတ်တွေကနေတစ်ဆင့် စားသောက်ကုန်ဈေးနှုန်းတွေပါ မြင့်တက်လာပြီး ပြည်သူတွေရဲ့ လူနေမှုစရိတ်က အဆမတန် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါတယ်။


အစိုးရအနေနဲ့ ဒါကို အချိန်မီ မဖြေရှင်းဘူးဆိုရင် ထိုင်းစီးပွားရေးဟာ ကုန်ဈေးနှုန်းလည်းကြီး၊ စီးပွားရေးလည်း တုံ့ဆိုင်းနေတဲ့ "Stagflation" အခြေအနေကို ရောက်သွားနိုင်တဲ့အတွက် အခုလို အရေးပေါ် ဘဏ္ဍာငွေ ရှာဖွေရခြင်း ဖြစ်ပါတယ်။

အစိုးရက ချေးငွေတွေ အများကြီး ယူနေပေမယ့် နိုင်ငံရဲ့ ပြည်သူ့ကြွေးမြီ (Public Debt) ကိုတော့ GDP ရဲ့ ၇၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိနေအောင် ထိန်းထားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက အာမခံထားပါတယ်။ ဒီချေးငွေကြောင့် ကြွေးမြီဟာ ၆၉ ရာခိုင်နှုန်းလောက်အထိ ရောက်သွားနိုင်ပေမယ့် စီးပွားရေးကို ပြန်လည်နှိုးဆွပေးနိုင်တာကြောင့် ရေရှည်မှာ အကျိုးရှိမယ်လို့ တွက်ချက်ထားပါတယ်။

မေလ ၁၄ ရက်တွင် ဒီအရေးပေါ်အမိန့်ကို အောက်လွှတ်တော် (House of Representatives) မှာ တင်ပြဆွေးနွေးမည်ဖြစ်ပြီး မေလ ၂၁ ရက်အထက်လွှတ်တော် (Senate) ကနေ ဆက်လက် စဉ်းစားသွားမှာ ဖြစ်ပါတယ်။အားလုံး အဆင်ပြေချောမွေ့သွားရင်တော့ ဇွန်လဆန်းမှာပဲ ထောက်ပံ့ရေး စီမံကိန်းတွေ စတင် အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။

Previous Post  - ထိုင်းနိုင်ငံ၊ စမုပရာကန်တွင် ရေကြီး၍ ယာဉ်ကြောပိတ်ဆို့၊ ဘန်ကောက်တွင်လည်း မိုးဆက်ရွာနိုင်ဟု သတိပေး

❝TikTok က ထိုင်းမှာ ဒေါ်လာ ၂၆ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမယ်❞

❝ပတ္တရားရေပြင်မှာကြမ်းနေတဲ့ စုံတွဲ (၄) တွဲ ဝေဖန်ခံနေရ❞

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

 


Comments