❝၂၀၅၀ မှာ ဘန်ကောက်ဟာ အာဆီယံရဲ့ အပူဆုံးမြို့ဖြစ်လာနိုင်❞

 

❝၂၀၅၀ မှာ ဘန်ကောက်ဟာ အာဆီယံရဲ့ အပူဆုံးမြို့ဖြစ်လာနိုင်❞

ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

ASEAN Centre for Energy (ACE) က ထုတ်ပြန်လိုက်တဲ့ စိုးရိမ်စရာ အစီရင်ခံစာတစ်ခုအရ ၂၀၅၀ ခုနှစ်မှာ ဘန်ကောက်မြို့ဟာ အာဆီယံရဲ့ အပူဆုံးမြို့ကြီး ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

ရာသီဥတုပြောင်းလဲမှုနဲ့ မြို့ပြတည်ဆောက်မှု ပုံစံတွေကြောင့် ဘန်ကောက်မြို့ရဲ့ အပူချိန်ဟာ ဆယ်စုနှစ်အနည်းငယ်အတွင်း သိသိသာသာ မြင့်တက်လာဖို့ ရှိနေသလို ၂၀၅၀ ပြည့်နှစ်မှာ ဘန်ကောက်မြို့ရဲ့ ပျမ်းမျှအမြင့်ဆုံးအပူချိန်ဟာ ၃၈.၁ ဒီဂရီစဲလ်စီးယပ်အထိ ရောက်ရှိလာနိုင်ပါတယ်။ ဒါဟာ ၂၀၀၀ ပြည့်နှစ်ကထက် ၅ ဒီဂရီခန့် ပိုမိုမြင့်မားလာတာပါ။


အပူချိန် ၃၅ ကျော်ရင် အရမ်းပူတယ်လို့ သတ်မှတ်ပြီး အခုလို အပူချိန်ရှိတဲ့ ရက်တွေက လက်ရှိ တစ်နှစ်ကို ၄၅ ရက်ခန့်ရှိရာကနေ ၂၀၅၀ မှာ တစ်နှစ်ကို ၁၂၀ ရက် (၃ ဆခန့်) အထိ တိုးလာဖို့ ရှိနေပါတယ်။

ဘန်ကောက်ဟာ ဟိုချီမင်း၊ မနီလာ၊ ကွာလာလမ်ပူနဲ့ စင်ကာပူမြို့တွေထက် ပိုမိုပူပြင်းတဲ့ မြို့ဖြစ်လာမယ်လို့ သိရပြီး အခုလို ပူတာကြောင့် လူမှုရေး၊ စီးပွားရေးမှာ ထိခိုက်မှုရှိနိုင်တာပါ။

ဘန်ကောက်မြို့နေသူတွေအနေနဲ့လည်း နောင်အနာဂတ်မှာ ပိုမိုပူပြင်းလာမယ့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်နေပြီနော်။

Previous Post  - ❝ကမ္ဘာ့ရေအချိုးဆုံးနိုင်ငံများ စာရင်းမှာ ထိုင်းနိုင်ငံက အဆင့် ၃ နေရာရှိနေ❞

Comments