ဆိုင်ကယ်ဟန်ချက်ပျက်ပြီး လဲကျရာမှ တွဲကားအောက်ပိမိကာ မြန်မာအမျိုးသား သေဆုံး ယာဉ်မောင်း ထွက်ပြေးလွတ်မြောက်နေ

 


ဆိုင်ကယ်ဟန်ချက်ပျက်ပြီး လဲကျရာမှ တွဲကားအောက်ပိမိကာ  မြန်မာအမျိုးသား သေဆုံး ယာဉ်မောင်း ထွက်ပြေးလွတ်မြောက်နေ

ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

ပရာကန်ခရိုင်၊ ဘန်ဖလီမြို့နယ်ထဲမှာ ဒီနေ့ မေလ ၇ ရက် မနက်ပိုင်းက ဆိုင်ကယ်စီးလာတဲ့ မြန်မာအမျိုးသား တစ်ဦးဟာ လမ်းပေါ်ကသဲတွေကြောင့် ချောပြီး နောက်ကပါလာတဲ့ တွဲကားနဲ့ ကြိတ်မိကာ အသက်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်တဲ့နေရာကတော့ သဲဖရတ်လမ်း အထွက်လမ်း အနီးမှာဖြစ်ပြီး သေဆုံးသူဟာ အသက် ၃၄ နှစ်အရွယ် ကိုခွန်မောင်စိုးဆိုသူ မြန်မာနိုင်ငံသား ဖြစ်ပါတယ်။

စီစီတီဗီမှတ်တမ်းတွေအရ ဆိုင်ကယ်စီးလားသူဟာ လမ်းရဲ့ဘယ်ဘက်ဘေးကနေ ဆိုင်ကယ်ကို ပုံမှန်စီးလာတာဖြစ်ပေမဲ့ အခင်းဖြစ်တဲ့နေရာအရောက်မှာ နောက်ကနေ တွဲကားကြီးတစ်စီး ကပ်ပါလာတာကို မြင်ခဲ့တာပါ။ ဒါကြောင့် လမ်းဘေးပလက်ဖောင်းကို မတိုက်မိအောင် ဘရိတ်ကို ရုတ်တရက် အုပ်လိုက်တဲ့အချိန်မှာ လမ်းပေါ်က သဲတွေကြောင့် ဆိုင်ကယ်က ဟန်ချက်ပျက်ပြီး လဲကျသွားခဲ့တာ ဖြစ်ပါတယ်။


ဆိုင်ကယ်လဲတဲ့အချိန်မှာ လူက တွဲကားအောက်ထဲကို လွင့်ထွက်သွားတာကြောင့် နောက်တွဲဘီးနဲ့ ဦးခေါင်းကို တည့်တည့်ကြိတ်မိပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ တွဲကားမောင်းသမားဟာ ကားကို လမ်းဘေးမှာ ဒီအတိုင်းပစ်ထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။ ကားပေါ်မှာ ကျန်ခဲ့တဲ့ မှတ်ပုံတင်အရ ယာဉ်မောင်းဟာ အသက် ၅၇ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ယောက်ဖြစ်တာကို ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့ပါတယ်။

လတ်တလောမှာတော့ ရဲတပ်ဖွဲ့က အခင်းဖြစ်တဲ့နေရာက အထောက်အထားတွေကို သိမ်းဆည်းထားပြီး ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို ဖမ်းဆီးနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ မြန်မာအလုပ်သမားရဲ့ ရုပ်အလောင်းကိုတော့ ဆေးရုံကို ပို့ဆောင်ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ khaosod သတင်းအရ သိရပါတယ်။

Previous Post  - ဘန်ဖီရှိ သံစက်ရုံတွင် မြန်မာအမျိုးသမီး ၁ ဦး အလုပ်လုပ်နေရင်း သံခွေပိမိကာ သေဆုံး အလုပ်ရှင်မှ တာဝန်ယူဖြေရှင်းပေးမည်ဟုဆို

စည်သွပ်ဗူး စက်ရုံကို ဝန်ကြီးနဲ့အဖွဲ့ ဝင်စစ်ပြီးနောက် တီလားပီးယားငါးများ အသုံးပြုထားဟု အတည်ပြုစည်သွပ်ဗူးစက်ရုံ ထုတ်လုပ်မှုရပ်ဆိုင်း

ထိုင်းမှာ မဖွယ်မရာပြုမူတဲ့ ခရီးသွားတွေကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ဝန်ကြီးချုပ်ပြောလူစည်ကားရာနေရာတွေ ပိုစစ်ဆေးသွားမည်

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက



Comments