ထိုင်းမှာ မဖွယ်မရာပြုမူတဲ့ ခရီးသွားတွေကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ဝန်ကြီးချုပ်ပြောလူစည်ကားရာနေရာတွေ ပိုစစ်ဆေးသွားမည်

 


ထိုင်းမှာ မဖွယ်မရာပြုမူတဲ့ ခရီးသွားတွေကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ဝန်ကြီးချုပ်ပြောလူစည်ကားရာနေရာတွေ ပိုစစ်ဆေးသွားမည်

ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

ထိုင်းမှာ ခရီးသွားအချို့ရဲ့ လူသိရှင်ကြား မဖွယ်မရာ လုပ်ရပ်တွေ ဆက်တိုက် ဖြစ်လာတဲ့အပေါ် နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ အတွက် ပိုပြီး ပြတ်ပြတ်သားသား အရေးယူဖို့ ဝန်ကြီးချုပ်ကပြောလိုုက်ပါတယ်။  ခရီးသွားတွေအနေနဲ့ ထိုင်းဥပဒေနဲ့ ယဉ်ကျေးမှုကို လေးစားဖို့၊ တကယ်လို့ စည်းကမ်းဖောက်ဖျက်ပြီး အများပြည်သူကို နှောင့်ယှက်ရင်တော့ ခြွင်းချက်မရှိ ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ အမိန့်ထုတ်ထားပါတယ်။

ပတ္တယားနဲ့ ဖူးခက်လို နေရာမျိုးတွေမှာ ဖြစ်ခဲ့တဲ့ သတင်းတွေကြောင့်ပါ။ ပတ္တယားမှာဆိုရင် လူမြင်ကွင်း လိင်ဆက်ဆံခဲ့တဲ့ စုံတွဲ လေးတွဲအထိ ရှိခဲ့သလို၊ ဖူးခက်မှာလည်း သုံးဘီးကားပေါ်နဲ့ ကမ်းခြေတွေမှာ မဖွယ်မရာ လုပ်ခဲ့တဲ့ နိုင်ငံခြားသား စုံတွဲတွေကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးတာ၊ ဗီဇာပယ်ဖျက်ပြီး Blacklist သွင်းတာမျိုးတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ 


ဒီအခြေအနေတွေကြောင့် အစိုးရအနေနဲ့ ဖျော်ဖြေရေးကလပ်တွေနဲ့ လူစည်ကားတဲ့ နေရာတွေကို အရင်ကထက် ပိုပြီး စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အဓိကကတော့ မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ အများပြည်သူ အေးချမ်းမှုကို နှောင့်ယှက်တဲ့ လုပ်ရပ်တွေကို တားဆီးဖို့ပါ။ အထူးသဖြင့် ညဘက် ဖျော်ဖြေရေး လုပ်ငန်းတွေမှာ စည်းကမ်းတွေကို ပိုတင်းကျပ်ပြီး အမြဲမပြတ် စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

ခရီးသွား လုပ်ငန်း အခြေအနေကို ကြည့်ရင်တော့ ထိုင်းအစိုးရက ဒီနှစ်မှာ ခရီးသွား ၃၃ သန်းကျော် လာမယ်လို့ မျှော်မှန်းထားပေမဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ခရီးသွားဝင်ရောက်မှု လျော့နည်းနိုင်ခြေရှိနေပြီး ပြီးခဲ့တဲ့ ဧပြီလမှာလည်း ဥရောပခရီးသွား သိသိသာသာ ကျဆင်းသွားပါတယ်။ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ ခရီးသွားအရေအတွက်ထက် နိုင်ငံရဲ့ပုံရိပ်နဲ့ အရည်အသွေးကို ထိန်းသိမ်းဖို့ ပိုမိုအာရုံစိုက် လုပ်ဆောင်လာတာ ဖြစ်တယ်လို့ Bangkok post မှာ ဖော်ပြပါတယ်။

Previous Post  - ထိုင်းနိုင်ငံ၊ ရယောင်တွင် မြန်မာလုပ်သားတစ်ဦးကို တရုတ်ကြီးကြပ်ရေးမှူး ၆ ဦးက ရေနွေးပူဖြင့်လောင်း၍ နှိပ်စက်

တောင်ကိုရီးယားတွင် လူသားပုံစံတူ Robot ကို ဗုဒ္ဓဘာသာဝင်အဖြစ် ချီးမြှောက်

ပတ္တရားတွင် သြစတြေးလျခရီးသွားကို တိုက်ခိုက်လုယက်သည့် ဆယ်ကျော်သက် ၂ ဦး အဖမ်းခံရ

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက



Comments