ဘန်ဖီရှိ သံစက်ရုံတွင် မြန်မာအမျိုးသမီး ၁ ဦး အလုပ်လုပ်နေရင်း သံခွေပိမိကာ သေဆုံး အလုပ်ရှင်မှ တာဝန်ယူဖြေရှင်းပေးမည်ဟုဆို

 


ဘန်ဖီရှိ သံစက်ရုံတွင် မြန်မာအမျိုးသမီး ၁ ဦး အလုပ်လုပ်နေရင်း သံခွေပိမိကာ သေဆုံး အလုပ်ရှင်မှ တာဝန်ယူဖြေရှင်းပေးမည်ဟုဆို

ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

စမုပရာကန်ခရိုင်၊ ဘန်ဖီမြို့နယ်မှာရှိတဲ့ သံပစ္စည်း စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသမီး မခိုင်သဇင်ဝင်းဟာ မတော်တဆမှုကြောင့် လုပ်ငန်းခွင်အတွင်းမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ မေလ ၆ ရက်၊ နေ့လယ် ၁ နာရီခွဲကျော်အချိန်မှာ အလုပ်လုပ်နေရင်း သံခွေစည်းတွေ ပြုတ်ကျကာ ရိုက်မိတဲ့ ဒဏ်ရာကြောင့် အခင်းဖြစ်နေရာမှာပဲ အသက်ဆုံးရှုံးခဲ့ရတာပါ။ 

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေဟာ ရှေ့ဆက် ဘာလုပ်ရမလဲဆိုတာ မသိနားမလည်တာကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ဆီ အကူအညီ တောင်းခံလာတယ်လို့ သိရပါတယ်။ WAG အဖွဲ့ဘက်ကလည်း အမှုကို မေလ ၆ ရက် ညပိုင်းမှာပဲ လက်ခံခဲ့ပြီး ဒီနေ့ (မေလ ၇ ရက်) မှာတော့ လိုအပ်တဲ့ အမှုကိစ္စတွေကို အမြန်ဆုံး ကူညီဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ မခိုင်သဇင်ဝင်းရဲ့ ရုပ်အလောင်းကိုတော့ ဘန်ဖီဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။


“လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေရင်းနဲ့ တားထားတဲ့ကြိုးက မတော်တဆပြတ်ကျပြီး သူ့အပေါ် သံခွေတွေပြုတ်ကျတာပါ။ သေဆုံးသူမှာက ပကန်စခွန်လဲရှိတယ် စက်ရုံရဲ့ အာမခံကြေးလည်း ရှိတယ်ဆိုတော့ လက်ရှိမှာတော့ ကျွန်တော်တို့ စက်ရုံဘက်နဲ့ညှိနှိုင်းတယ်။ အဆင်ပြေအောင် လုပ်ပေးမယ်ပြောပါတယ်။ ဒါပေမယ့် ပကန်စခွန်ထုတ်ဖို့ သူ့ရဲ့မိဘကိုယ်တိုင် တက်လာတာစောင့်ပြီးမှ ဒီအမှုကို ဆက်လက်ဆောင်ရွက်ရပါမယ်” လို့ WAG အဖွဲ့က က်ုမုန်တိုင်းက ဘီကွန်မြန်မာကို ပြောပါတယ်။

အလုပ်ရှင်ဖြစ်တဲ့ စက်ရုံသူဌေးဘက်ကလည်း ဒီဖြစ်ရပ်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။ ဒါကြောင့် သေဆုံးသူ ရသင့်ရထိုက်တဲ့ နစ်နာကြေးနဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် စက်ရုံဘက်နဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ WAG အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Previous Post  - စည်သွပ်ဗူး စက်ရုံကို ဝန်ကြီးနဲ့အဖွဲ့ ဝင်စစ်ပြီးနောက် တီလားပီးယားငါးများ အသုံးပြုထားဟု အတည်ပြုစည်သွပ်ဗူးစက်ရုံ ထုတ်လုပ်မှုရပ်ဆိုင်း

ထိုင်းမှာ မဖွယ်မရာပြုမူတဲ့ ခရီးသွားတွေကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ဝန်ကြီးချုပ်ပြောလူစည်ကားရာနေရာတွေ ပိုစစ်ဆေးသွားမည်

ထိုင်းနိုင်ငံ၊ ရယောင်တွင် မြန်မာလုပ်သားတစ်ဦးကို တရုတ်ကြီးကြပ်ရေးမှူး ၆ ဦးက ရေနွေးပူဖြင့်လောင်း၍ နှိပ်စက်

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက



Comments