❝Rama 2 လမ်းမကြီး - ဆီဈေးနဲ့ ပစ္စည်းဈေးတက်လို့ နောက်ထပ် တစ်နှစ်ခွဲလောက် ထပ်စောင့်ရဦးမယ်❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ထိုင်းနိုင်ငံက နာမည်ကြီး Rama 2 လမ်းမကြီး... ဒီလမ်းက ဆောက်နေတာ နှစ်ပေါင်း ၅၀ ကျော်နေပြီဆိုတော့ လူတွေကတောင် “မျိုးဆက်ခုနစ်ဆက်စာလမ်း" လို့ နောက်ပြောင်ပြီး ခေါ်နေကြတာပါ။
.တကယ်တော့ ဒီလမ်းကို အခုနှစ်လယ်ပိုင်းမှာ အပြီးသတ်မယ်လို့ အရင်ဝန်ကြီးက ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒီရက်ချိန်းက လွဲသွားပြန်ပါပြီ။ အသစ်တက်လာတဲ့ ပို့ဆောင်ရေးဝန်ကြီးရဲ့ ပြောကြားချက်အရဆိုရင် ဒီလမ်းကြီးက ၂၀၂၇ ခုနှစ် အလယ်ပိုင်းလောက်မှပဲ ပြီးတော့မယ်လို့ သိရပါတယ်။
.ဘာဖြစ်လို့ ဒီလောက်တောင် ကြာနေရတာလဲဆိုတော့ အဓိက အကြောင်းရင်းနှစ်ခုရှိပါတယ်။
၁။ ကုန်ကျစရိတ်တွေ တက်လာတာပါ - အခုနောက်ပိုင်း ဆီဈေးတွေရော၊ လမ်းခင်းတဲ့ ကတ္တရာစေးနဲ့ တခြားဆောက်လုပ်ရေးပစ္စည်း ဈေးနှုန်းတွေက အရင်ထက် နှစ်ဆလောက် ထိုးတက်သွားလို့ ကန်ထရိုက်တာတွေအတွက် အခက်တွေ့နေကြတာပါ။
၂။ မတော်တဆမှုတွေကြောင့်ပါ - ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကရိန်း ပြိုကျတဲ့ ဖြစ်စဉ်လိုမျိုး လူသေဆုံးမှုရှိခဲ့တဲ့ မတော်တဆမှုတွေကြောင့်လည်း လုပ်ငန်းတွေက တန့်သွားခဲ့ရပါတယ်။
.ဒီလမ်းမကြီးပေါ်မှာ အခုလက်ရှိ ဆောက်နေတာတွေကတော့ M82 အမြန်လမ်းမကြီးနဲ့ တခြားလမ်းချဲ့တဲ့ လုပ်ငန်းတွေပါ။ လမ်းပိတ်တာတွေ၊ ဖုန်ထူတာတွေနဲ့ မတော်တဆမှုတွေ ခဏခဏဖြစ်နေလို့ အနားက လူတွေနဲ့ ခရီးသွားလာသူတွေကတော့ တော်တော်လေး စိတ်ပျက်နေကြပါပြီ။
.အစိုးရဘက်ကတော့ လူထုအခက်အခဲ သက်သာအောင်လို့ ဆောက်လက်စ M82 အမြန်လမ်းရဲ့ တချို့အပိုင်းတွေကို အခမဲ့ ပေးစီးဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ဘယ်တော့ အတည်ဖြစ်မလဲဆိုတာတော့ ဆက်စောင့်ကြည့်ရဦးမှာပါ။
Previous Post - ဘန်ကောက်မှာ နေအရိပ်မကျတဲ့ ဖြစ်စဉ်ဟာ ဧပြီလ ၂၇ ရက်နေ့မှာ ဖြစ်ပေါ်မည်
၂နှစ်ပဲ ရှိသေးတဲ့ သားလေးကို အဘိုးပထွေးက ရိုက််တာ ဦးနှောက်နဲ့ ဝမ်းဘိုက် သွေးရိုစီးပီး ဆုံးသွား
အမျိုးသမီး၁ဦး ပုစွန်ငပြာရည်စိမ် လုပ်စားပီး၊ ပိုးကူးစက်ကာ အရေးပေါ် ခွဲစိတ်လိုက်
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment