အမျိုးသမီး၁ဦး ပုစွန်ငပြာရည်စိမ် လုပ်စားပီး၊ ပိုးကူးစက်ကာ အရေးပေါ် ခွဲစိတ်လိုက်ရ
ဒီနေ့ 24ရက်နေ့ သတင်းမှာ အမျိုးသမီးက ဖေ့ဘွတ်ကနေ ပြန်မျှဝေ လာခဲ့တယ်။ လွန်ခဲ့တဲ့ 10လပိုင်း၊ 2025က သူမက အိမ်မှာ ပုစွန်ငပြာရာ်စိမ် လုပ်စားတယ်။ စားကောင်းလို့ ၂ရက်ဆက်တိုက်၊ စားလိုက်တယ်လို့ ပြောပြတယ်။
သူမစားပီးတော့ နေမကောင်းဖြစ်လို့၊ ဆရာဝန်သွားပြတော့၊ ဆရာဝန်က စစ်ဆေးပီးဘာစားလာလဲလို့ မေးတယ်ရှင့်၊ အဲတော့ သူမက အိမ်မှာ ပုစွန်ငပြာရည်စိမ် လုပ်စားခဲ့ကြောင်း ပြောပြတယ်။
ဆရာဝန်က သူမရဲ့ ကိုထဲမှာ ပိုးကူးစက်သွားကြောင်း၊အဲကနေ မျက်လုံးဆီကို သန်ကောင် ဝင်သွားကြောင်း ပြောပြပီး ၊ချက်ခြင်း အရေးပေါ် ခွဲစိတ်ခန်း ဝင်ခဲ့ရတယ်။
ပုစွန်ငပြာရည်စိမ်စားမိလို့၊ မျက်လုံးထဲ သန်ကောင်ဝင်တာကို သူမလုံးဝ မယုံကြည်ခဲ့ဘူးရှင့်။ ဒါပေမဲ့ တကယ်ပဲ သူမ ခွဲစိတ် ကုသခဲ့ရတယ်။ သူမ ဆေးရုံက ဆင်းလာတော့၊ သူငယ်ချင်းတွေကို ပြောပြပေမဲ့ ဘယ်သူမှ မယုံကြဘူး။
သူမကတော့ ဘယ်သူမှ မယုံကြည်လဲ၊ သူမကိုတိုင် လက်တွေ့ ကြုံခဲ့ဖူးတယ်ဆိုတာကို ပြောပြခဲ့တယ်၊သူမစားခဲ့တဲ့ ပုစွန်ငပြာရည်က သူမကိုတိုင် အိမ်မှာ လုပ်ပီး ၂ရက်ဆက်တိုက် စားခဲ့တာတဲ့၊
Previous Post - မြန်မာ၁ဦးကို၊အလုပ်ရှင် ထိုင်းလူမျိုးက ဆေးကြောင်ပီး ပစ်လိုက်
မီးရထားလမ်းမှာ ကော်ဆန့်လုပ်ဖို့ လာကြတဲ့ မြန်မာ 63ယောက် အဖမ်းခံလိုက်ရ
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment