ဘန်ကောက်မှာ နေအရိပ်မကျတဲ့ ဖြစ်စဉ်ဟာ ဧပြီလ ၂၇ ရက်နေ့မှာ ဖြစ်ပေါ်မည်

 


ဘန်ကောက်မှာ နေအရိပ်မကျတဲ့ ဖြစ်စဉ်ဟာ ဧပြီလ ၂၇ ရက်နေ့မှာ ဖြစ်ပေါ်မည်

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot

၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးအကြိမ် နေမွန်းတည့်ချိန်မှာ လူနဲ့ အရာဝတ္ထုတွေရဲ့ အရိပ်ပျောက်သွားတဲ့ ဖြစ်စဉ်ဟာ ဘန်ကောက်မြို့မှာ လာမယ့် ဧပြီလ ၂၇ ရက် ၊ မွန်းတည့် ၁၂ နာရီ ၁၆ မိနစ်ဝန်းကျင်မှာ ဖြစ်ပေါ်ပါမယ်။ ဒီဖြစ်စဉ်အတွင်းမှာ နေဟာ ဦးခေါင်းပေါ် တည့်တည့်ကို ရောက်ရှိနေမှာဖြစ်လို့ အပြင်ဘက်မှာ ရပ်နေသူတွေရဲ့ အရိပ်ဟာ ခြေဖဝါးအောက်ထဲကိုပဲ တည့်တည့်ကျရောက်နေမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးဟာ ထိုင်းနိုင်ငံရဲ့ တောင်ဘက်အကျဆုံး Betong ခရိုင်မှာ ဧပြီလ ၄ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုတော့ မြောက်ဘက်ကို တဖြည်းဖြည်း ရွှေ့လျားလာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နေက ခေါင်းပေါ်တည့်တည့် ရောက်နေပေမဲ့ အဲဒီနေ့ဟာ တစ်နှစ်တာရဲ့ အပူဆုံးနေ့တော့ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်လို့ ထိုင်းအမျိုးသား နက္ခတ္တဗေဒ သုတေသနဌာန (NARIT) က ဆိုပါတယ်။ အပူချိန်ဟာ တိုက်ရိုက်ကျရောက်တဲ့ နေရောင်ခြည်အပြင် တိမ်ဖုံးမှု၊ မိုးရွာသွန်းမှု၊ မုတ်သုံလေနဲ့ အဆောက်အအုံတွေ၊ လမ်းတွေပေါ်မှာ စုပုံနေတဲ့ အပူရှိန်တွေအပေါ်မှာလည်း မူတည်နေလို့ပါပဲ။ ခရမ်းလွန်ရောင်ခြည် (UV) အဆင့် မြင့်မားနိုင်တာကြောင့် ကျန်းမာရေးနဲ့ အရေပြားကို မထိခိုက်အောင် နေရောင်ထဲမှာ အကြာကြီးနေတာမျိုးကိုတော့ ရှောင်ကြဉ်ဖို့ အကြံပြုထားပါတယ်။

ကမ္ဘာ့ဝင်ရိုးက ၂၃.၅ ဒီဂရီ စောင်းနေတာကြောင့် ထိုင်းနိုင်ငံလို အပူပိုင်းဒေသတွေမှာ ဒီလို နေခေါင်းပေါ်တည့်တည့် ရောက်တဲ့ဖြစ်စဉ်ကို တစ်နှစ်မှာ နှစ်ကြိမ် ကြုံတွေ့ရလေ့ ရှိပါတယ်။ ဘန်ကောက်မြို့အတွက် ဒုတိယအကြိမ် အရိပ်ပျောက်မယ့်နေ့ကတော့ လာမယ့် ဩဂုတ်လ ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီ ၂၂ မိနစ်မှာ ထပ်မံ ဖြစ်ပေါ်မှာပါ။ ချင်းရိုင်မြို့မှာတော့ မေလ ၂၀ ရက်နေ့မှာ ဖြစ်ပေါ်မှာ ဖြစ်လို့ အဲဒီဒေသမှာရှိတဲ့ သူတွေအတွက်လည်း ထူးခြားတဲ့ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်လာဦးမှာပါ။

Previous Post   - ၂နှစ်ပဲ ရှိသေးတဲ့ သားလေးကို အဘိုးပထွေးက ရိုက််တာ ဦးနှောက်နဲ့ ဝမ်းဘိုက် သွေးရိုစီးပီး ဆုံးသွား

အမျိုးသမီး၁ဦး ပုစွန်ငပြာရည်စိမ် လုပ်စားပီး၊ ပိုးကူးစက်ကာ အရေးပေါ် ခွဲစိတ်လိုက်

မြန်မာ၁ဦးကို၊အလုပ်ရှင် ထိုင်းလူမျိုးက ဆေးကြောင်ပီး ပစ်လိုက်

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments