"ဖူးခက် (Phuket) တွင် လေထီးစီးစဉ် စပိဘုတ်ပန်ကာနှင့် ကြိုးငြိပြတ်တောက်ကာ ခရီးသွားတစ်ဦး ပင်လယ်ထဲပြုတ်ကျ!"
"ဖူးခက် (Phuket) တွင် လေထီးစီးစဉ် စပိဘုတ်ပန်ကာနှင့် ကြိုးငြိပြတ်တောက်ကာ ခရီးသွားတစ်ဦး ပင်လယ်ထဲပြုတ်ကျ!"
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ထိုင်းနိုင်ငံ၊ ဖူးခက် (Phuket) ရှိ ကမလာ (Kamala) ကမ်းခြေတွင် ဧပြီလ ၂၀ ရက်နေ့က လေထီးစီးနေစဉ် စပိဘုတ်ပန်ကာက ကြိုးကို ဖြတ်တောက်မိသဖြင့် နိုင်ငံခြားသား ခရီးသွားတစ်ဦးနှင့် လေထီးလက်ထောက်တစ်ဦးတို့ ပင်လယ်ထဲသို့ ပြုတ်ကျသည့် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်အသေးစိတ် အချက်အလက်များ
TikTok တွင် ပျံ့နှံ့နေသော မျက်မြင်သက်သေတစ်ဦး၏ ဗီဒီယိုမှတ်တမ်းအရ လေထီးပျံတက်ပြီး မကြာမီမှာပင် စပိဘုတ်နှင့် ချိတ်ဆက်ထားသောကြိုးမှာ ပန်ကာနှင့်ငြိကာ ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာဖြင့် အမြင့်နိမ့်ချိန်တွင် ပြုတ်ကျခဲ့ခြင်းဖြစ်၍ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။
ကမလာ ရဲစခန်း၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် ဖူးခက်ရေကြောင်းရုံးတို့ ပူးပေါင်းစစ်ဆေးရာ လေထီးလုပ်ငန်းရှင်နှင့် ဝန်ထမ်းများတွင် တရားဝင်လုပ်ကိုင်ခွင့် စာရွက်စာတမ်းများ ပြည့်စုံစွာရှိကြောင်း တွေ့ရပါတယ်။ လှေမောင်းသူကို မူးယစ်ဆေးဝါး စစ်ဆေးရာတွင်လည်း ကင်းရှင်းကြောင်း (Negative) အတည်ပြုနိုင်ခဲ့ပါတယ်။
အာဏာပိုင်များက ဘေးကင်းရေးစံနှုန်းများကို ပိုမိုတင်းကျပ်ရန် ဆွေးနွေးနေပြီး၊ ခရီးသွားက တိုင်ကြားချက် မဖွင့်သော်လည်း ဥပဒေချိုးဖောက်မှု တွေ့ရှိပါက လုပ်ငန်းရှင်ကို အရေးယူသွားမည်ဟု ဆိုပါတယ်။
ဖူးခက်တွင် လေထီးစီးခြင်းနှင့် ပတ်သက်၍ ဘေးကင်းရေးစိုးရိမ်မှုများမှာ မကြာခဏ ထွက်ပေါ်လေ့ရှိပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ကရွန် (Karon) ကမ်းခြေတွင် တရုတ်ခရီးသွားတစ်ဦး လေထီးစီးစဉ် ခြေထောက်ကျိုးခဲ့သဖြင့် လုပ်ငန်းရှင်က ဘတ် ၄ သိန်း လျော်ကြေးပေးခဲ့ရပါတယ်။ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလကလည်း ကရွန်ကမ်းခြေတွင်ပင် လေထီးလက်ထောက်တစ်ဦး ပင်လယ်ထဲ ပြုတ်ကျသေဆုံးခဲ့ဖူးပါတယ်။
ဒီသတင်းစဉ်ကို လေ့လာကြည့်ရင် ပင်လယ်ကမ်းခြေတွေမှာ အပန်းဖြေတဲ့အခါ ရေပေါ်ကစားနည်းတွေဖြစ်တဲ့ လေထီးစီးတာ (Parasailing)၊ ငှက်ပျောဖီးလှေစီးတာ (Banana Boat) စတာတွေဟာ ဘယ်လောက်ပဲ တရားဝင်လုပ်ငန်းဖြစ်နေပါစေ မမျှော်လင့်ထားတဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ၊ မတော်တဆမှုတွေ အချိန်မရွေး ဖြစ်ပွားနိုင်တယ်ဆိုတာကို သတိပြုမိမှာပါ။
ဒါကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ရင်း အားလပ်ရက်တွေမှာ ပင်လယ်ကမ်းခြေတွေကို အလည်အပတ်သွားရောက်ကြမယ့် မြန်မာရွှေ့ပြောင်းလုပ်သား ညီအစ်ကိုမောင်နှမတွေအနေနဲ့ အထူးသတိထားကြဖို့ အကြံပြုချင်ပါတယ်။
ရေပေါ်ကစားနည်းတွေကို ကစားမယ်ဆိုရင် အသက်ကယ်အင်္ကျီ (Life Jacket) ကို သေချာစွာ ကြိုးချည်၊ စနစ်တကျ ဝတ်ဆင်ထားဖို့ လုံးဝ (လုံးဝ) မမေ့ပါနဲ့။
ရာသီဥတုဆိုးရွားနေချိန်၊ လေတိုက်နှုန်းပြင်းနေချိန်တွေမှာ လုပ်ငန်းရှင်က ကစားလို့ရတယ်ပြောရင်တောင် မိမိရဲ့ အသက်အန္တရာယ် ဘေးကင်းရေးကိုသာ ပထမဆုံး ဦးစားပေးပြီး လုံးဝ မကစားပါနဲ့။ ဘေးကင်းရေးထက် အမြတ်အစွန်းကိုသာ ကြည့်တဲ့ လုပ်ငန်းရှင်တွေ ရှိတတ်ပါတယ်။
Previous Post - ❝ဖူးခက်၊ ပါတောင်းကမ်းခြေက အုန်းသီးတစ်လုံး ၁၅၀ ဘတ် ဈေးကြီးလွန်းလို့ဆိုပြီး TikTok ပေါ်မှာ ဝေဖန်မှုတွေဖြစ်နေ❞
❝Rama 2 လမ်းမကြီး - ဆီဈေးနဲ့ ပစ္စည်းဈေးတက်လို့ နောက်ထပ် တစ်နှစ်ခွဲလောက် ထပ်စောင့်ရဦးမယ်❞
ဘန်ကောက်မှာ နေအရိပ်မကျတဲ့ ဖြစ်စဉ်ဟာ ဧပြီလ ၂၇ ရက်နေ့မှာ ဖြစ်ပေါ်မည်
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment