မြန်မာအလုပ်သမားများကို ထိုင်းကို တရားမဝင် ပို့ဆောင်တဲ့ ဂိုဏ်းခေါင်းဆောင် မြန်မာနိုင်ငံသားကို ချင်းမိုင်မှာ ဖ-မ်းဆီးရမိ
မြန်မာအလုပ်သမားများကို ထိုင်းကို တရားမဝင် ပို့ဆောင်တဲ့ ဂိုဏ်းခေါင်းဆောင် မြန်မာနိုင်ငံသားကို ချင်းမိုင်မှာ ဖ-မ်းဆီးရမိ
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ထိုင်းနိုင်ငံ အခြေစိုက် ရာဇဝတ်မှုနှိမ်နင်းရေးဌာန (CSD) အပါအဝင် ပူးပေါင်းအဖွဲ့တွေဟာ မြန်မာလုပ်သားတွေကို ထိုင်းနိုင်ငံအတွင်းပိုင်းအထိ တရားမဝင် ပို့ဆောင်ပေးနေတဲ့ ဂိုဏ်းခေါင်းဆောင် အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင် ၊ ဆာရဖီခရိုင်ရှိ ငှားရမ်းထားတဲ့ အခန်းတစ်ခုမှာ ဖ-မ်းဆီးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တရားမဝင် မြန်မာလုပ်သား ၂၅ ဦးနဲ့အတူ ကားမောင်းသမား ၃ ဦးကို ဖ-မ်းဆီးရမိခဲ့ရာကနေတစ်ဆင့် ကွင်းဆက်ဖော်ထုတ်ပြီး အခုလိုဖ-မ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
စုံစမ်းစ-စ်ဆေးချက်တွေအရ အဆိုပါ ဂိုဏ်းခေါင်းဆောင်ဟာ လူမှောင်ခိုလုပ်ငန်းတစ်ခုလုံးကို စနစ်တကျ စီစဉ်ညွှန်ကြားခဲ့သူဖြစ်ပြီး ဖ-မ်းဆီးမှုကို ရှောင်ရှားဖို့အတွက် လမ်းကြောင်းကြည့်ပေးမယ့် ရှေ့ပြေးကားတွေကိုပါ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ သူဟာ မြန်မာလုပ်သားတွေကို Nakhon Sawan နဲ့ Phichit ပြည်နယ်တွေအထိ ပို့ဆောင်ပေးဖို့အတွက် ကားသမားတွေကို တစ်ခေါက် ဘတ် ၇,၀၀၀ ကနေ ၁၀,၀၀၀ အထိ ပေးပြီး ငှားရမ်းခဲ့တာပါ။ ဖ-မ်းဆီးစဉ်မှာတော့ သူအသုံးပြုခဲ့တဲ့ ကား ၃ စီးနဲ့ လက်ကိုင်ဖုန်း ၃ လုံးကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါ တရားခံဟာ ပြစ်မှုအားလုံးကို ဝန်ခံခဲ့ပြီး သူဟာ တာချီလိတ်နယ်စပ်ကတစ်ဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေကို လက်ခံကာ တစ်ဦးကို ဘတ် ၃,၅၀၀ နှုန်းနဲ့ ပြန်လည်ပို့ဆောင်ပေးတာဖြစ်တယ်လို့ ပြောပါတယ်။ တစ်လကို လူအယောက် ၁၀ ဦးဝန်းကျင်ကနေ အများဆုံး အယောက် ၅၀ အထိ တစ်ခေါက်တည်းနဲ့ ပို့ဆောင်ပေးလေ့ရှိတယ်လို့လည်း ဝန်ခံထားပါတယ်။ လက်ရှိမှာတော့ သူ့ကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ စ-စ်ဆေးရေးအရာရှိတွေဆီ လွှဲပြောင်းပေးထားပြီ ဖြစ်ပါတယ်။
Previous Post - Krabi လေဆိပ်မှာ လေယာဉ်ပေါ်မှာ ဗုံးပါတယ်လို့ နောက်တဲ့အတွက် ရုတ်ရုတ်သဲသဲ ဖြစ်ပြီး လေယာဉ် ခရီးစဉ် ၄ နာရီနောက်ကျ
ကျောက်ကပ်ကို တဖြည်းဖြည်း ဒုက္ခပေးနိုင်တဲ့ ဆိုဒီယမ်ဓာတ်များတဲ့ ထိုင်းအစားအစာ ၁၀ မျိုး
ဘန်ကောက်က KFC ဆိုင်ထဲကို ကားဝင်တိုက်လို့ လူ ၁၂ ယောက်ဒဏ်ရာရ
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment