Krabi လေဆိပ်မှာ လေယာဉ်ပေါ်မှာ ဗုံးပါတယ်လို့ နောက်တဲ့အတွက် ရုတ်ရုတ်သဲသဲ ဖြစ်ပြီး လေယာဉ် ခရီးစဉ် ၄ နာရီနောက်ကျ
Krabi လေဆိပ်မှာ လေယာဉ်ပေါ်မှာ ဗုံးပါတယ်လို့ နောက်တဲ့အတွက် ရုတ်ရုတ်သဲသဲ ဖြစ်ပြီး လေယာဉ် ခရီးစဉ် ၄ နာရီနောက်ကျ
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ဧပြီလ ၂၆ ရက် ညနေပိုင်းမှာ Krabi ကနေ သုဝဏ္ဏဘူမိလေဆိပ်ကို ပျံသန်းမယ့် Thai AirAsia လေယာဉ်ပေါ်မှာ ခရီးသည်တစ်ယောက်က သူ့အိတ်ထဲမှာ ဗုံးပါတယ်လို့ ပြောခဲ့တာကြောင့် လေယာဉ်ခရီးစဉ် နှောင့်နှေးမှုတွေ ဖြစ်ခဲ့ရပါတယ်။ လေယာဉ်ကွင်းထဲကနေ လေယာဉ်စတင် ထွက်ခွာခါနီးအချိန်မှာ အဲဒီခရီးသည်က အခုလိုပြောခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒါဟာ စနောက်လိုက်တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်မှူးက ဘေးကင်းလုံခြုံရေးအတွက် လေယာဉ်ကို ရပ်နားစခန်းဆီ ပြန်လှည့်ခဲ့ပြီး ခရီးသည်တွေနဲ့ လက်ဆွဲအိတ်တွေကို စ-စ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းပို့ဆောင်ရေးဒုဝန်ကြီး Mr. Phatarapong က လေကြောင်းလုံခြုံရေး စံနှုန်းတွေအတိုင်း တင်းတင်းကျပ်ကျပ် စ-စ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။ လေယာဉ်ကို လူသူဝေးတဲ့နေရာမှာ ရပ်နားပြီး သေချာစ-စ်ဆေးခဲ့ရာမှာတော့ ဘာပေါက်ကွဲစေတတ်တဲ့ ပစ္စည်းမှ မတွေ့ရှိခဲ့ပါဘူး။ ဒီနောက်ပြောင်မှုကြောင့် လေယာဉ်ဟာ မူလထွက်ခွာမယ့်အချိန်ထက် ၄ နာရီကျော်လောက် နောက်ကျပြီးမှ ထွက်ခွာနိုင်ခဲ့သလို လေဆိပ်ရဲ့ အခြားဝန်ဆောင်မှုတွေကိုတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
လက်ရှိမှာတော့ အဲဒီနောက်ပြောင်ခဲ့တဲ့ ခရီးသည်ကို အာဏာပိုင်တွေက ဖ-မ်းဆီးထားပြီး ဥပဒေအရ အရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒုဝန်ကြီးကလည်း လေကြောင်းလုံခြုံရေးဟာ အလွန်အရေးကြီးတာကြောင့် ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ နောက်ပြောင်တာဖြစ်စေ အခုလို ထိတ်လန့်အောင်လုပ်တာဟာ ဥပဒေနဲ့ မကင်းတဲ့အတွက် ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ သတိပေး ပြောကြားထားပါတယ်။
Previous Post - ကျောက်ကပ်ကို တဖြည်းဖြည်း ဒုက္ခပေးနိုင်တဲ့ ဆိုဒီယမ်ဓာတ်များတဲ့ ထိုင်းအစားအစာ ၁၀ မျိုး
ဘန်ကောက်က KFC ဆိုင်ထဲကို ကားဝင်တိုက်လို့ လူ ၁၂ ယောက်ဒဏ်ရာရ
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment