ကျောက်ကပ်ကို တဖြည်းဖြည်း ဒုက္ခပေးနိုင်တဲ့ ဆိုဒီယမ်ဓာတ်များတဲ့ ထိုင်းအစားအစာ ၁၀ မျိုး

 


ကျောက်ကပ်ကို တဖြည်းဖြည်း ဒုက္ခပေးနိုင်တဲ့ ဆိုဒီယမ်ဓာတ်များတဲ့ ထိုင်းအစားအစာ ၁၀ မျိုး

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

ဆိုဒီယမ် (ဆားဓာတ်) အလွန်အကျွံ စားသုံးတာက ကျောက်ကပ် ပျက်စီးမှုကို မြန်ဆန်စေတဲ့ အဓိက အကြောင်းရင်း တစ်ခုဖြစ်တယ်လို့ ကျောက်ကပ် အထူးကု ဆရာဝန်တွေက သတိပေးထားပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်တွေ များလာတဲ့အခါ သွေးတိုးတာနဲ့ ကျောက်ကပ်ထဲက သွေးကြောငယ်လေးတွေအပေါ် ဖိအားများလာတာကြောင့် သိသာတဲ့ လက္ခဏာ မပြဘဲ ကျောက်ကပ် လုပ်ဆောင်ချက်တွေကို တဖြည်းဖြည်း ကျဆင်းစေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြံပြုချက်အရ တစ်နေ့ကို ဆိုဒီယမ် ၂,၀၀၀ မီလီဂရမ် (ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ) ထက် ပိုမစားသင့်ပေမဲ့ ထိုင်းနိုင်ငံမှာတော့ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၃,၆၅၀ ကနေ ၃,၈၅၀ မီလီဂရမ်အထိ (သတ်မှတ်ချက်ထက် နှစ်ဆနီးပါး) စားသုံးနေကြတာကို တွေ့ရပါတယ်။

 ဆိုဒီယမ်ဓာတ် အလွန်များတဲ့ ထိုင်းအစားအစာ ၁၀ မျိုး

အောက်မှာ ဖော်ပြထားတဲ့ အစားအစာတွေဟာ တစ်နပ်စာ စားရုံနဲ့တင် တစ်နေ့တာ လိုအပ်တဲ့ ဆိုဒီယမ် ပမာဏနဲ့ နီးစပ်နေတာ ဒါမှမဟုတ် ကျော်လွန်နေတာမျိုး ဖြစ်တတ်ပါတယ်။

၁။ ငါးပိရည် ဒါမှမဟုတ် ဂဏန်းငန်ထည့်ထားတဲ့ သင်္ဘောသီးထောင်း (Som Tam Pla Ra/Pu): ၁,၉၁၃ မီလီဂရမ် ခန့် (တစ်ပွဲစားရုံနဲ့ တစ်နေ့တာ သတ်မှတ်ချက်ကို ပြည့်လုနီးပါး ဖြစ်ပါတယ်။)

၂။ တုံယမ်းပုစွန်ဟင်းရည် (Creamy Tom Yum Goong): ၁,၇၂၆ မီလီဂရမ် ခန့်

၃။ ထိုင်းစတိုင် ဆူကီယကီး အကြော် (Thai sukiyaki stir-fry): ၁,၃၀၀ - ၁,၅၀၀ မီလီဂရမ် ခန့်

၄။ ပနန်းအသားဟင်း (Pork Panang curry): ၁,၃၄၉ မီလီဂရမ် ခန့်

၅။ မတ်သမန်ကြက်သားဟင်း (Chicken Massaman curry): ၁,၃၀၃ မီလီဂရမ် ခန့်

၆။ ဖတ်ထိုင်း (Pad Thai): ၁,၁၃၈ မီလီဂရမ် ခန့်

၇။ ခေါက်ဆွဲခြောက်သုပ် (Yum Mama): ၁,၀၀၀ မီလီဂရမ် ထက်မက

၈။ ကြက်သားစိမ်းဟင်း (Chicken green curry): ၈၇၀ မီလီဂရမ် ခန့်

၉။ အုန်းနို့ကြက်သားဟင်းရည် (Tom Kha Gai): ၈၅၄ မီလီဂရမ် ခန့်

၁၀။ လှေခေါက်ဆွဲ (Kuay Teow Reua Nam Tok): ၈၄၂ မီလီဂရမ် ခန့်

 သတိထားရမယ့် လက္ခဏာများ

🔶ဆားဓာတ် အလွန်အကျွံ စားသုံးနေမိတယ်ဆိုရင် အခုလို လက္ခဏာတွေ ပြတတ်ပါတယ်။

🔶 မနက်ခင်းမှာ မျက်နှာ၊ လက် ဒါမှမဟုတ် ခြေထောက်တွေ ဖောယောင်နေတာ။

🔶 ခဏခဏ ရေငတ်နေတာ။

🔶 ဆီးသွားနည်းတာ ဒါမှမဟုတ် ဆီးအရောင် ရင့်နေတာ။

🔶 ခေါင်းခဏခဏ ကိုက်တာနဲ့ သွေးတိုးတာ။

🔶 ပုံမှန်ထက် ပိုပြီး မောပန်းလွယ်တာ။

 ကျောက်ကပ်ကို ဘယ်လို ကာကွယ်မလဲ?

အစားအသောက်တွေကို အပြီးအပိုင် ဖြတ်စရာ မလိုပေမဲ့ ကျောက်ကပ် ဝန်မပိစေဖို့ အခုလို ဆင်ခြင်လို့ ရပါတယ်။

🔶 ဟင်းရည်တွေ အလွန်အကျွံ မသောက်ပါနဲ့: ဆိုဒီယမ် အများစုဟာ ဟင်းရည်နဲ့ အနှစ်တွေထဲမှာ ရှိနေတာကြောင့် အသားနဲ့ ဟင်းသီးဟင်းရွက်ကိုပဲ အဓိက စားပေးပါ။

🔶 အရသာမှုန့်နဲ့ အငံလျှော့ခိုင်းပါ: ဆိုင်မှာ မှာကတည်းက အရသာမှုန့် မထည့်ဖို့နဲ့ အငံလျှော့ပေးဖို့ ပြောပါ။

🔶 အပိုဆောင်း အချဉ်ရည်တွေ မထည့်ပါနဲ့: ငါးငါးပိရည် ဒါမှမဟုတ် ငံပြာရည်တွေကို ထပ်ပြီး ထည့်စားတာမျိုး ရှောင်ပါ။

🔶 ပိုတက်စီယမ် ပါတဲ့ အသီးအနှံတွေ စားပါ: ငှက်ပျောသီး၊ ဖရဲသီးနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ဓာတ်ကို မျှတအောင် ကူညီပေးပါတယ်။

🔶 ကျောက်ကပ် စစ်ဆေးပါ: ကျောက်ကပ် ရောဂါဟာ အစောပိုင်းမှာ လက္ခဏာ မပြတတ်တာကြောင့် အနည်းဆုံး တစ်နှစ်တစ်ကြိမ် ကျောက်ကပ် လုပ်ဆောင်ချက်နဲ့ သွေးပေါင်ချိန်ကို စစ်ဆေးသင့်ပါတယ်။

Previous Post  - ဘန်ကောက်က KFC ဆိုင်ထဲကို ကားဝင်တိုက်လို့ လူ ၁၂ ယောက်ဒဏ်ရာရ

၂၀၂၆ ခုနှစ် အစောပိုင်း UNAIDS နဲ့ ထိုင်းကျန်းမာရေး ၀န်ကြီးဌာနတွေရဲ့ အစီရင်ခံစာတွေအရ ထိုင်းနိုင်ငံမှာ HIV ပိုးနဲ့ နေထိုင်တဲ့သူ အရေအတွက်ဟာ ၅ သိန်း ၈ သောင်းကျော်ကနေ ၆ သိန်း ဝန်းကျင်ကို ချဉ်းကပ်လာနေပြီလို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထုတ်ပြန်ထား

ကော်ဆန့် ဆိုက်မှာထိုင်းနဲ့ တရုတ်ရိုက်ပွဲဖြစ်

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments