❝App နဲ့ ကားခေါ်တဲ့ လုပ်ငန်းတွေကို ပိုပြီး မျက်ခြေမပြတ် စစ်ဆေးတော့မယ့် ထိုင်းအစိုးရ❞

 


❝App နဲ့ ကားခေါ်တဲ့ လုပ်ငန်းတွေကို ပိုပြီး မျက်ခြေမပြတ် စစ်ဆေးတော့မယ့် ထိုင်းအစိုးရ❞

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

ထိုင်းနိုင်ငံ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန (DLT) က App သုံးပြီး ကားငှားရမ်းခေါ်ယူတဲ့ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေကို ဥပဒေနဲ့အညီ ဖြစ်စေဖို့ ပိုမိုတင်းကျပ်တဲ့ စည်းကမ်းချက်တွေနဲ့ စစ်ဆေးသွားတော့မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

.အဓိကတော့ တရားမဝင်ယာဥ်တွေများလာတာ၊ ခရီးသည်လုံခြုံရေးအာမခံချက်နည်းလာတာနဲ့ ဈေးနှုန်းတွေကို မြှင့်တင်တာတွေမလုပ်ဖို့လို့ဆိုပါတယ်။

.ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Phetkasem Soi 81 လမ်းဆုံမှာ မီးနီမိနေတုန်း ကျောင်းသူလေးတစ်ယောက်က သူစီးလာတဲ့ Bolt ဆိုင်ကယ်ပေါ်ကနေ အသည်းအသန် ခုန်ချပြေးခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဒါတွေကို စစ်ဆေးဖို့ အားထုတ်လာတာပါ။ အဲ့ဒီကျောင်းသူလေးဟာ ဆိုင်ကယ်နောက်က လိုက်ပါလာရင်း ယာဉ်မောင်းရဲ့ မသင်္ကာစရာ အပြုအမူတွေကြောင့် အရမ်းကို ကြောက်လန့်ပြီး ခုလို ခုန်ချခဲ့ရတာလို့ ဆိုပါတယ်။ ပိုပြီး ဆိုးတာကတော့ အဲ့ဒီယာဉ်မောင်းဟာ သူ့ရဲ့ကိုယ်ပိုင် အကောင့် မဟုတ်ဘဲ တခြားသူရဲ့ အကောင့်ကို အသုံးပြုပြီး ဝန်ဆောင်မှု ပေးနေတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

.ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထိုင်းအစိုးရဌာနပေါင်းစုံနဲ့ Bolt ကုမ္ပဏီတို့ တွေ့ဆုံခဲ့ကြပါတယ်။ အဓိက ဆွေးနွေးချက်ကတော့ ခရီးသည်တွေရဲ့ လုံခြုံရေး ကိစ္စကိုဆွေးနွေးခဲ့ပြီး တခြားသူရဲ့ ID ကို သုံးပြီး ကားမောင်းနေတာတွေကို ထိထိရောက်ရောက် တားဆီးဖို့ DES ဝန်ကြီးဌာနက ညွှန်ကြားထားသလို Bolt အတွက် ရင်ဝကို အကန်ခံရမယ့် သတင်းအနေနဲ့ အကယ်လို့ လုံခြုံရေးပိုင်း ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရ စိတ်ကျေနပ်အောင် မလုပ်နိုင်ရင် Bolt လုပ်ငန်းလိုင်စင်သက်တမ်း ထပ်မတိုးပေးဖို့ အစိုးရက စဉ်းစားနေပါတယ်။ မေလဆိုကုန်ပြီဖြစ်လို့ အချိန်အရမ်းကပ်နေပါပြီ။

.၂၀၂၂ ကနေ အခုအထိ App ကနေ ကား/ဆိုင်ကယ်ငှားတာ နဲ့ ပတ်သက်တဲ့ တိုင်ကြားချက်ပေါင်း ၆,၇၀၀ ကျော်ရှိတဲ့အထဲမှာ သုံးပုံတစ်ပုံက Bolt နဲ့ ပတ်သက်နေတာလို့ ဆိုပါတယ်။

.Bolt ဘက်ကတော့ စည်းကမ်းမလိုက်နာတဲ့ ယာဉ်မောင်းပေါင်း ၄ သောင်းလောက်ကို အပြီးအပိုင် ပိတ်ပင်ထားပြီးပြီလို့ ပြောပါတယ်။

.အခုတော့ Bolt ဟာ လူတွေယုံကြည်မှု ပြန်ရအောင် AI နည်းပညာတွေ သုံးပြီး ယာဉ်မောင်းတွေကို စစ်ဆေးတာ၊ ခရီးစဉ်ကို အချိန်နဲ့တပြေးညီ စောင့်ကြည့်တာ နဲ့ အရေးပေါ်ဖြစ်ရင် ရဲစခန်းကို တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ ခလုတ် တွေကို ထည့်သွင်းပေးတော့မှာပါ။

.လက်ရှိ ထိုင်းနိုင်ငံမှာ အများပြည်သူသုံး လိုင်စင်ရှိတဲ့ Application ယာဉ်မောင်းဆရာပေါင်း ၁၉,၀၀၀ နီးပါးရှိနေပြီး အစိုးရကတော့ ယာဉ်မောင်းအားလုံးကို တရားဝင် လိုင်စင်ရအောင် လုပ်ဖို့ တိုက်တွန်းနေပါတယ်။

Previous Post  - ❝သင်္ဘောစီးခ ၁ ဘတ်တိတိ လျှော့ပေးမယ့် ကျောက်ဖယားမြစ် ရေယာဥ်လိုင်းများ ❞

လျှပ်စစ်မီတာခ တစ်ယူနစ် ၃ ဘတ်သို့ လျှော့ချခြင်းနှင့် ဆိုလာစွမ်းအင် မြှင့်တင်ရေး စီမံချက်များ

သတိပြုရန် - ဘန်ကောက်တွင် ခံစားရသည့်အပူချိန် ၅၂ °C အထိ မြင့်တက်နေ

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments