❝ထိုင်းမှာ ရက် ၆ဝ ဗီဇာကင်းလွတ်ခွင့်ကို ဖျက်သိမ်းပြီး ရက် ၃ဝ ပဲပေးမယ်။❞

 


❝ထိုင်းမှာ ရက် ၆ဝ ဗီဇာကင်းလွတ်ခွင့်ကို ဖျက်သိမ်းပြီး ရက် ၃ဝ ပဲပေးမယ်။❞

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

ထိုင်းအစိုးရက အခုလောလောဆယ် နိုင်ငံပေါင်း ၉၃ နိုင်ငံက ခရီးသည်တွေကို ပေးထားတဲ့ ၆၀ ရက် ဗီဇာ ဖရီးနေထိုင်ခွင့် ကို ပြန်လည်ရုပ်သိမ်းဖို့နဲ့ နေထိုင်ခွင့်သက်တမ်းကို လျှော့ချဖို့ စီစဉ်နေပါတယ်။

.ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ အခုလို ၆၀ ရက်အထိ ရက်ရှည်ပေးထားတာဟာ တချို့သူတွေအတွက် အလုပ်ခိုးလုပ်တာမျိုး ဒါမှမဟုတ် တရားမဝင်တဲ့ ကိစ္စတွေလုပ်ဖို့ အခွင့်အရေး ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

.ဒါ့အပြင် အချက်အလက်တွေအရ ခရီးသည် ၉၀ ရာခိုင်နှုန်းလောက်ဟာ ထိုင်းနိုင်ငံမှာ ၁ ရက်ကနေ ၃၀ ရက်ကြားပဲ နေထိုင်ကြတာဖြစ်လို့ ၆၀ ရက်အထိ ပေးထားဖို့ မလိုဘူးလို့ ယူဆနေကြတာပါ။

.အခုပြောင်းလဲမယ့် အစီအစဉ်သစ်မှာတော့ -

၁။ အားလုံးကို ၆၀ ရက် ပေးထားတာမျိုး မဟုတ်ဘဲ နိုင်ငံအလိုက် သတ်မှတ်ချက်တွေနဲ့ ပြန်သွားမယ်။

၂။ ပုံမှန်အားဖြင့် ဗီဇာမလိုဘဲ နေထိုင်ခွင့်ကို ၃၀ ရက်အထိ ပြန်လျှော့ချမယ်။

၃။ ပိုက်ဆံချမ်းသာတဲ့ ခရီးသည်တွေကိုပဲ ပိုပြီး ဦးစားပေး၊ အလေးပေးသွားမယ်လို့သိရပါတယ်။

.ဒါ့အပြင် လေကြောင်းကနေဝင်လာတဲ့ ခရီးသည်တွေဆီကနေ "ခရီးသွားအခွန်” ဘတ် ၃၀၀ ကောက်ခံမယ့် အစီအစဉ်ကိုလည်း ပြန်လည်အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။

.အခုလောလောဆယ်မှာတော့ ဒီအဆိုပြုချက်ကို အစိုးရအဖွဲ့ ဆီ တင်ပြအတည်ပြုချက်ယူဖို့ ပြင်ဆင်နေဆဲမို့လို့ ချက်ချင်းကြီးတော့ ပြောင်းလဲသွားမှာ မဟုတ်သေးပါဘူး။ ဒါပေမဲ့ ရှေ့လျှောက်တော့ ထိုင်းမှာ ဗီဇာမလိုဘဲ နေထိုင်ခွင့်သက်တမ်းတွေ နည်းသွားနိုင်ပါတယ်။

Previous Post  - ❝ဘန်ကောက်က ပလက်ဖောင်းတွေပေါ် ဆိုင်ကယ်မောင်းတာ တားဖို့ အတားအဆီးတွေတပ်❞

❝ထိုင်း 7-11 မှာ ကိုယ်ခန္ဓာပေါ် နို့ရည်လောင်းချတဲ့ Blogger ဝေဖန်ခံနေရ❞

❝ပူစီပြပါလို့ပြောတဲ့ ထိုင်း Deli သမားကြောင့်သူနာပြုတစ်ဦးထိတ်လန့်❞

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments