❝ဘန်ကောက်က ပလက်ဖောင်းတွေပေါ် ဆိုင်ကယ်မောင်းတာ တားဖို့ အတားအဆီးတွေတပ်❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ဘန်ကောက်မြို့၊ (Khlong Toei) နယ်မြေထဲက လူသွားလမ်းတွေပေါ်မှာ ဆိုင်ကယ်တွေ တက်မောင်းနေတာကို တားဆီးဖို့အတွက် အာဏာပိုင်တွေက သံမဏိတိုင်လေးတွေ တပ်ဆင်လိုက်ပါပြီ။
.ဒီလိုလုပ်ရတာကတော့ လူသွားလမ်းပေါ် ဆိုင်ကယ်တွေ တက်မောင်းလို့ အန္တရာယ်ရှိတယ်ဆိုပြီး ပြည်သူတွေဆီက တိုင်ကြားစာတွေ ခဏခဏရလို့ပါပဲ။ အထူးသဖြင့် ကားလမ်းပိတ်တဲ့အချိန်တွေမှာ ဆိုင်ကယ်သမားတွေက ဖြတ်လမ်းအနေနဲ့ လူသွားလမ်းပေါ် တက်မောင်းလေ့ရှိကြတာပါ။
.အခုတပ်ဆင်လိုက်တဲ့ အတားအဆီးတိုင်လေးတွေကို "S-Guard" လို့ ခေါ်ပြီး၊ သူက ဆိုင်ကယ်တွေ ဖြတ်မရအောင် တားထားနိုင်ပေမဲ့ ဘီးတပ်ကုလားထိုင် အသုံးပြုသူတွေ၊ စက်ဘီးသမားတွေနဲ့ ခရီးဆောင်အိတ်ဆွဲလာတဲ့သူတွေအတွက်ကတော့ အဆင်ပြေပြေ ဖြတ်သန်းသွားလာနိုင်ပါတယ်နော်။
.ဒေသခံတွေကတော့ ဒီအစီအစဥ်ကို သဘောကျနေကြပြီး အရင်ကဆိုရင် နောက်ကနေ ဆိုင်ကယ်လာမလားဆိုပြီး အမြဲကြောက်နေရပေမဲ့၊ အခုတော့ လမ်းလျှောက်ရတာ ပိုပြီး လုံခြုံစိတ်ချသွားပြီလို့ ပြောကြပါတယ်။
Previous Post - ❝ထိုင်း 7-11 မှာ ကိုယ်ခန္ဓာပေါ် နို့ရည်လောင်းချတဲ့ Blogger ဝေဖန်ခံနေရ❞
❝ပူစီပြပါလို့ပြောတဲ့ ထိုင်း Deli သမားကြောင့်သူနာပြုတစ်ဦးထိတ်လန့်❞
ဘန်ကောက်မှာ နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူနိုင်တဲ့ အခြေအနေနဲ့ သိထားသင့်တဲ့ အချက်များ
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment