❝ပူစီပြပါလို့ပြောတဲ့ ထိုင်း Deli သမားကြောင့်သူနာပြုတစ်ဦးထိတ်လန့်❞

 


❝ပူစီပြပါလို့ပြောတဲ့ ထိုင်း Deli သမားကြောင့်သူနာပြုတစ်ဦးထိတ်လန့်❞

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

ထိုင်းနိုင်ငံ (Udon Thani) မှာ အသက် ၂၄ နှစ်အရွယ် သူနာပြုဆရာမလေးတစ်ယောက်ဟာ Delivery ပို့တဲ့သူတစ်ယောက်ရဲ့ ခြိမ်းခြောက်သလိုလို၊ နှောက်ယှက်သလိုလို အပြုအမူတွေကြောင့် ရဲစခန်းကို အကူအညီတောင်းခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

.ဒီဆရာမလေးဟာ အွန်လိုင်း application ကနေ ၁၀၅ ဘတ်တန် ဆူကီဟင်းတစ်ပွဲ မှာယူခဲ့တာပါ။ အစားအစာရောက်လာတဲ့အခါမှာတော့ အဆောင်ရှေ့က လှေကားထစ်မှာပဲ ထားခဲ့ဖို့ Delivery သမားကို ပြောခဲ့ပါတယ်။ 

.ဒါပေမဲ့ အဲဒီ Delivery သမားက အစားအစာချပေးပြီး ပြန်မသွားဘဲ ဆရာမလေးရဲ့ Line contact ကို တောင်းတာ၊ ဖုန်းနံပါတ်တွေ မက်ဆေ့ခ်ျကနေ ပို့တာတွေ လုပ်လာခဲ့ပါတယ်။

.ပိုပြီး ကြောက်ဖို့ကောင်းတာကတော့ အဲဒီလူဟာ အဆောင်ရှေ့ကနေ မထွက်သေးဘဲ "မင်းရဲ့ အခန်းနံပါတ်က ဘယ်လောက်လဲ၊ မင်းဆီမှာ မွေးထားတဲ့ ပူစီလေး (ကြောင်လေး)ကို ကြည့်ချင်လို့ အပေါ်ထပ် အခန်းထဲအထိ လိုက်ခဲ့လို့ရမလား" ဆိုပြီး မက်ဆေ့ခ်ျ ထပ်ပို့လာတာပဲ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီဆရာမလေးမှာ ကြောင် လုံးဝမရှိပါဘူး။

.ဒီလိုနဲ့ ဆရာမလေးက ကြောက်ကြောက်လန့်လန့်နဲ့ "အောက်ကို ကျွန်မအမျိုးသား ဆင်းလာလိမ့်မယ်" လို့ လိမ်ပြောလိုက်တော့မှ အဲဒီလူက စိတ်ပျက်သွားတဲ့ပုံစံနဲ့ မက်ဆေ့ခ်ျပြန်ပို့ခဲ့ပါတယ်။ ဒါတောင်မှ ချက်ချင်းမပြန်သေးဘဲ အဆောင်ရှေ့မှာ ဆိုင်ကယ်နဲ့ စောင့်နေတာကို မြင်လိုက်ရတာကြောင့် ဆရာမလေးခမျာ အခန်းထဲကို အမြန်ပြေးဝင်ပြီး ရဲကို ဖုန်းဆက် အကူအညီတောင်းခဲ့ရတာပါ။

.ရဲတွေ ရောက်လာတဲ့အချိန်မှာတော့ အဲဒီ Delivery သမားဟာ ထွက်ပြေးသွားခဲ့ပါပြီ။ ရဲက ဖုန်းဆက်ခေါ်ပေမဲ့လည်း သူကတော့ လာတွေ့ဖို့ ငြင်းဆန်နေတယ်လို့ သိရပါတယ်။ အခုအခါမှာတော့ သူနာပြုဆရာမလေးဟာ အဲဒီလူမှာ ဘယ်လိုရည်ရွယ်ချက် ဆိုးတွေရှိနေလဲဆိုတာကို သိရဖို့အတွက် CCTV မှတ်တမ်းတွေ၊ မက်ဆေ့ခ်ျ အထောက်အထားတွေနဲ့အတူ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

.အစားအသောက် မှာယူတဲ့အခါမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ မပေါက်ကြားအောင်နဲ့ အခုလို အန္တရာယ်မျိုး မကြုံရအောင် သတိထားကြဖို့လိုမယ်နော်။

Previous Post  - ဘန်ကောက်မှာ နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူနိုင်တဲ့ အခြေအနေနဲ့ သိထားသင့်တဲ့ အချက်များ

ထိုင်း ကွန်ဒိုတွေ ဝယ်ယူမှု အမေရိကန် နဲ့ တရုတ်ကျဆင်းသွားပြီး မြန်မာက အများဆုံးမြင့်မားလာ

ညီမလေး အစ်ကို အလုပ်ပေးမယ် ဆိုပီး ၊ကောင်မလေးတယောက်ကို တည်းခိုခန်းထဲခေါ်သွားပီး၊နောက်ဆုံးလမ်းဘေးမှာ ပစ်ထားခဲ့လို့ ၊ဒီကောင်မလေးက ကားတံခါးခိုစီးပီး လိုက်လာခဲ့

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments