❝အသက် (၇) နှစ်နဲ့ ပါတိမောက် အလွတ်ရွတ်ဆိုမယ့် ထိုင်းက ကိုရင်လေး❞


❝အသက် (၇) နှစ်နဲ့ ပါတိမောက် အလွတ်ရွတ်ဆိုမယ့် ထိုင်းက ကိုရင်လေး❞

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

[ဘာသာရေးဆိုင်ရာ အသုံးအနှုန်းလိုအပ်ချက်များရှိပါက နားလည် ဖြည့်စွက်ပေးပါရန်]

ထိုင်းနိုင်ငံက အသက် ၇ နှစ်အရွယ် ကိုရင်လေးတစ်ပါးဟာ ရဟန်းတော်တွေ လိုက်နာရမယ့် ဝိနည်း ၂၂၇ သွယ် (ပါတိမောက်) ကို အလွတ်ရွတ်ဖတ်ပူဇော်တဲ့ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး နိုင်ငံတော်အဆင့် စံချိန်တင်ဖို့ ရှိနေပါတယ်။

ပါဠိဘာသာနဲ့ ရေးသားထားတဲ့ ဝိနည်းသိက္ခာပုဒ် ၂၂၇ သွယ်ကို အလွတ်အာဂုံဆောင်ပြီး အမှားအယွင်းမရှိ ရွတ်ဆိုရတာဖြစ်လို့ ဒီကိုရင်လေးသာ အောင်မြင်စွာ ရွတ်ဆိုနိုင်ခဲ့ရင် ထိုင်းနိုင်ငံရဲ့ သမိုင်းမှာ ပါတိမောက်ကို အငယ်ဆုံးနဲ့ အလွတ်ရွတ်ဆိုနိုင်တဲ့ စံချိန်သစ်ကို တင်နိုင်မှာ ဖြစ်ပါတယ်။


အသက် ၇ နှစ်သာ ရှိသေးတဲ့ ဒီကိုရင်လေးဟာ ပုံမှန်အားဖြင့် ကလေးငယ်တွေ ကစားနေရမယ့် အရွယ်မှာ ခက်ခဲနက်နဲတဲ့ ဘာသာရေးစာပေတွေကို အလွတ်ကျက်မှတ်နိုင်စွမ်း ရှိနေတာပါ။ ကိုရင်လေးရဲ့ ဉာဏ်ရည်ထက်မြက်မှုနဲ့ သာသနာအပေါ် ကိုင်းရှိုင်းမှုကို ထိုင်းနိုင်ငံနဲ့အဝန်း ချီးကျူးနေကြပါတယ်။ 

ကိုရင်လေးဟာ အယုဒ္ဓယ မှာ မူကြိုတက်နေကတည်းက ရဟန်းဝတ်လိုစိတ် ရှိခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် အစောပိုင်းမှာ Wat Nikhom Phang 16 ကျောင်းတိုက်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။.

ကျောင်းထိုင်ဆရာတော် Phra Maha Chit Vajirayana က "အစကတော့ အသက် ၇ နှစ်ပဲ ရှိသေးလို့ စိုးရိမ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၅ လ၊ ၆ လအတွင်းမှာ သူ့ရဲ့ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုက ထူးထူးခြားခြား ကောင်းမွန်နေတာကို တွေ့ရတယ်" လို့ မိန့်ကြားခဲ့ပါတယ်။လက်ရှိမှာ ကိုရင်လေးဟာ ပြိုင်ပွဲမှာ နိုင်ငံတော်စံချိန်တင်နိုင်ဖို့အတွက် ပါတိမောက်အစအဆုံးကို အခေါက်ခေါက်အခါခါ ပြန်လည်ရွတ်ဆို လေ့ကျင့်နေပါတယ်တဲ့။

Previous Post  - ❝မေလလယ် ထိုင်းမှာ မိုးရာသီ တရားဝင်စမယ်❞

❝စမွတ်ပရာကန်မှာ မြန်မာအလုပ်သမားမလေးနှစ်ဦး ကားတိုက်ခံရပြီး တစ်ဦး ေ-သဆုံး၊ တစ်ဦး ဒဏ်ရာပြင်းထန်❞

ဖူးခက်က တုတ်တုတ်ပေါ်မှာ မဖွယ်မရာလုပ်နေတဲ့ နိုင်ငံခြားသားစုံတွဲ

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက



Comments