ဖူးခက်က တုတ်တုတ်ပေါ်မှာ မဖွယ်မရာလုပ်နေတဲ့ နိုင်ငံခြားသားစုံတွဲ
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ထိုင်းနိုင်ငံ ဖူးခက်ရဲ့ Patong (ပါတောင်)ကမ်းခြေရဲ့ လူစည်ကားရာလမ်းမပေါ်မှာ ပေါ်ပေါ်ထင်ထင် မဖွယ်မရာလုပ် ခဲ့ကြတဲ့ နိုင်ငံခြားသားစုံတွဲတစ်တွဲရဲ့ ဗီဒီယိုဖိုင်ကြောင့် ထိုင်းဆိုရှယ်မီဒီယာလောက ဝေဖန်နေကြပါတယ်။
ဖူးခက် ၊ ပါတောင်မြို့ရဲ့ အဓိကအကျဆုံး သာဝီဝမ်းလမ်းမကြီး (Thaweewong Road) ပေါ်မှာ မောင်းနှင်နေတဲ့ တုတ်တုတ်အငှားယာဉ်တစ်စီးပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ အဆိုပါယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ နိုင်ငံခြားသားစုံတွဲဟာ ဘေးပတ်ဝန်းကျင်ကလူတွေကို လုံးဝဂရုမစိုက်ဘဲ လူမြင်ကွင်းမှာတင် အတင့်ရဲစွာနဲ့ မဖွယ်မရာလုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီမဖွယ်မရာ မြင်ကွင်းကို အနီးအနားက လမ်းသွားလမ်းလာတွေက ဗီဒီယိုရိုက်ကူးပြီး အွန်လိုင်းပေါ် တင်လိုက်ရာကနေ ခဏချင်းအတွင်းမှာပဲ ပျံ့နှံ့သွားခဲ့ပါတယ်။
ဒီလုပ်ရပ်အပေါ် ဆိုရှယ်မီဒီယာမှာ ဝေဖန်သံတွေ ဆူညံနေပြီး အများစုကတော့ ဒါဟာ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုကို စော်ကားရာရောက်သလို အများပြည်သူဆိုင်ရာနေရာမှာ အောက်တန်းကျတဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။ ဝေဖန်သူတစ်ဦးကလည်း "ကားဆရာအနေနဲ့ သူ့မျက်စိရှေ့တင် ဖြစ်နေတာကို ဒီအတိုင်းကြည့်မနေဘဲ ခရီးသည်တွေကို ချက်ချင်းတားမြစ်သင့်တာ" လို့ မှတ်ချက်ပေးထားပါတယ်။ လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံရဲတပ်ဖွဲ့က အဆိုပါခရီးသွားစုံတွဲကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Previous Post - ထိုင်း အလုပ်သမား ဝန်ကြီးက တစ်နိုင်ငံလုံးမှာ နိုင်ငံခြားသား အလုပ်သမား ပါမစ်တွေကို အရေးပေါ် စ-စ်ဆေးဖို့ ညွှန်ကြား
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment