❝TikTok က ထိုင်းမှာ ဒေါ်လာ ၂၆ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမယ်❞

 


❝TikTok က ထိုင်းမှာ ဒေါ်လာ ၂၆ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမယ်❞

ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

TikTok ကုမ္ပဏီက ထိုင်းနိုင်ငံမှာ ဒေါ်လာ ၂၆ ဘီလီယံကျော် (ဘတ် ၈၄၂ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံပြီး Data Infrastructure တွေကို တိုးချဲ့သွားမယ်လို့သိရပါတယ်။ ဘန်ကောက်၊ စမွတ်ပရာကန်  နဲ့ ချာချိုအန်ဆာအိုတွေမှာ Data Center နဲ့  Data Hosting လုပ်ငန်းတွေကို တိုးချဲ့သွားမှာဖြစ်ပြီး  ဒေတာအချက်အလက် သိမ်းဆည်းမှုနဲ့ လုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်ကောင်းမွန်စေဖို့နဲ့ ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ နည်းပညာဗဟိုချက်တစ်ခုဖြစ်လာစေဖို့ပါ။

TikTok ဟာ ဒီဂျစ်တယ်အသိပညာပေးလုပ်ငန်းတွေနဲ့ e-commerce သင်တန်းတွေကိုပါ ပြုလုပ်ပေးသွားမှာဖြစ်လို့ ထိုင်းလုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေအတွက် အခွင့်အလမ်းသစ်တွေ ရရှိလာမှာပါ။


TikTok အပြင် UAE အခြေစိုက် DAMAC Group ရဲ့ Skyline Data Center ကလည်း ဘတ် ၄၆.၉ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ရှိနေပြီး၊ Bridge Data Centres ကလည်း ဘတ် ၂၄.၆ ဘီလီယံတန် စီမံကိန်းကို ချွန်ဘူရီမှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

BOI အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်အရ "အခုလိုမျိုး ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတွေက ထိုင်းနိုင်ငံမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံတာဟာ ထိုင်းနိုင်ငံ အပေါ် ယုံကြည်မှုရှိတာကို ပြသနေတာဖြစ်တယ်"လို့ ဆိုပါတယ်။ ဒါဟာ နောင်အနာဂတ်မှာ ထိုင်းနိုင်ငံရဲ့ နည်းပညာကဏ္ဍကို သိသိသာသာ တိုးတက်ပြောင်းလဲစေမယ့် သတင်းကောင်းတွေပါပဲ။

Previous Post  - ❝ပတ္တရားရေပြင်မှာကြမ်းနေတဲ့ စုံတွဲ (၄) တွဲ ဝေဖန်ခံနေရ❞

❝နခွန်ရတ်ချာစီမာက ရေသန့်ဘူးတွေမှာ အစာအဆိပ်သင့်စေတဲ့ ပိုးမွှားများတွေ့ရှိ❞

ကမ္ဘာ့အကောင်းဆုံး ကမ်းခြေစာရင်းဝင် ထိုင်းကမ်းခြေ ၃ ခု

Comments