❝ခွင့်ပြုချက်မရှိဘဲ ဒရာမာစီးရီးရိုက်နေတဲ့ တရုတ်တွေ ချင်းမိုင်မှာ ဖမ်းခဲံရ❞

 


❝ခွင့်ပြုချက်မရှိဘဲ ဒရာမာစီးရီးရိုက်နေတဲ့ တရုတ်တွေ ချင်းမိုင်မှာ ဖမ်းခဲံရ❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

ချင်းမိုင်မြို့၊ (Hang Dong) က အိမ်ရာနေရာတစ်ခုမှာ စီးရီးဇာတ်လမ်းတိုလေးတွေ ရိုက်ကူးနေတဲ့ တရုတ်ရုပ်ရှင်အဖွဲ့သား ၈ ဦးကို Tourist Police က ဖမ်းလိုက်ပါတယ်။
.
သူတို့ အခုလိုရိုက်နေတာကို ဒေသခံတွေက မသင်္ကာလို့ တိုင်ကြားခဲ့တာဖြစ်ပြီး - ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ တရုတ်နိုင်ငံသား ၈ ဦးကို ရိုက်ကူးရေးပစ္စည်းတွေနဲ့အတူ တွေ့ခဲ့ပါတယ်။သူတို့အားလုံးဟာ ထိုင်းနိုင်ငံကို (Tourist Visa) နဲ့ ဝင်ရောက်လာတာဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့် မရှိကြသူတွေပါ။



ထိုင်းနိုင်ငံမှာ ရုပ်ရှင်ရိုက်ကူးမယ်ဆိုရင် "ရုပ်ရှင်နှင့် ဗီဒီယိုအက်ဥပဒေ" အရ သက်ဆိုင်ရာဌာနတွေကနေ ကြိုတင်ခွင့်ပြုချက်ယူရပါတယ်။ ဇာတ်ညွှန်းတွေကိုလည်း နိုင်ငံတော်ပုံရိပ်ကို မထိခိုက်စေဖို့ စစ်ဆေးပြီးမှ ရိုက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကတော့ ဘာခွင့်ပြုချက်မှ ယူထားခြင်း မရှိပါဘူး။
.
ဒါကြောင့် ဒီလူတွေကို တစ်ဦးကို ၅,၀၀၀ ကနေ ၅၀,၀၀၀ ဘတ်အထိ ဒဏ်ရိုက်ခံရနိုင်သလို၊ နေရပ်ပြန်ပို့ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် ၂ နှစ် ပိတ်ပင်မှာဖြစ်ပါတယ်တဲ့။
.
ခွင့်ပြုချက်မရှိဘဲ ရုပ်ရှင်ရိုက်ကူးတဲ့အတွက် (Thailand Film Office) ကနေ ထပ်မံအရေးယူဖို့ စဉ်းစားနေပြီး ဒဏ်ငွေ ဘတ် ၁ သန်းအထိ ချမှတ်နိုင်ပါတယ်။

Previous Post  - မော်ဒယ်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ စူးရှနိုင် (ခ) ပက်ထရစ်ရှာသည် မလေးရှားနိုင်ငံသို့ ကြော်ငြာရိုက်ကူးရန်သွားရောက်နေစဉ်အတွင်း မလေးရှားရှိ ဟိုတယ်ခန်းတွင်း ပိတ်ပြီး နှိပ် Set ခံနေရပြီးပျောက်ဆုံးနေကြောင်းသတင်းများထွက်ပေါ်

Comments