"ပတ္တရားရှိ လိုင်စင်မဲ့ ဘားတစ်ခုတွင် တရုတ်ခရီးသွားတစ်ဦး ဝိုင်းဝန်းရိုက်နှက်ခံရပြီး သေဆုံး!"

 


"ပတ္တရားရှိ လိုင်စင်မဲ့ ဘားတစ်ခုတွင် တရုတ်ခရီးသွားတစ်ဦး ဝိုင်းဝန်းရိုက်နှက်ခံရပြီး သေဆုံး!"

ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

ထိုင်းနိုင်ငံ၊ ပတ္တရား (Pattaya) မြို့ရှိ လိုင်စင်မဲ့ ဖျော်ဖြေရေးကလပ်တစ်ခုတွင် စနူကာကစားနေစဉ် စကားများရန်ဖြစ်ရာမှ အသက် ၃၉ နှစ်အရွယ် တရုတ်နိုင်ငံသား ခရီးသွားတစ်ဦး ဝိုင်းဝန်းရိုက်နှက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
ဖြစ်စဉ်အသေးစိတ် အချက်အလက်များ
ချွန်ဘူရီပြည်နယ်၊ ဘန်လမွန်းခရိုင်၊ နောင်ပရူး (Nong Prue) မြို့နယ်ရှိ လိုင်စင်မဲ့ ဘားတစ်ခုတွင် အသက် ၃၉ နှစ်အရွယ် 'ချန်ယီချန်း' (Chang Yi Cheng) ဆိုသူ တရုတ်ခရီးသွားအမျိုးသားသည် အရက်မူးနေပြီး၊ စနူကာကစားနေစဉ် လက်သန့်ဆေးရည် ရှာမတွေ့သဖြင့် ဒေါသထွက်ကာ အခြားတရုတ်ဖောက်သည်များ ထိုင်နေသည့် VIP စားပွဲပေါ်သို့ တက်ရောက်ခဲ့ရာမှ ရန်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။
ဝန်ထမ်းများက ၎င်းတို့ကို ခေတ္တခွဲထုတ်ပေးခဲ့သော်လည်း မကြာမီ ဒုတိယအကြိမ် ရုန်းရင်းဆန်ခတ် ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ထိုအချိန်တွင် အဆိုပါအမျိုးသားမှာ မျက်နှာ၊ ဘယ်ဘက်မျက်လုံးနှင့် နှုတ်ခမ်းတို့တွင် ပြင်းထန်သော ဒဏ်ရာများဖြင့် သတိလစ်မေ့မြောသွားသည်အထိ ထပ်မံတိုက်ခိုက်ခံခဲ့ရပြီး၊ ကျူးလွန်သူများမှာ ရဲတပ်ဖွဲ့မရောက်မီ ထွက်ပြေးသွားခဲ့ပါတယ်။


ည ၁၁:၀၆ နာရီတွင် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး အရေးပေါ် CPR ပြုလုပ်၍ ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါရန်ပွဲတွင် ဆိုင်ဝန်ထမ်းများနှင့် အခြား VIP ဧည့်သည်များ ပါဝင်ပတ်သက်မှု ရှိ/မရှိကို သိရှိနိုင်ရန် ဝန်ထမ်း (၆) ဦးကို စစ်ဆေးမေးမြန်းနေပြီး CCTV မှတ်တမ်းများကိုလည်း စစ်ဆေးလျက်ရှိပါတယ်။
အဆိုပါ ဖျော်ဖြေရေးဆိုင်မှာ တရားဝင်လိုင်စင် မရှိကြောင်း အုပ်ချုပ်ရေးအရာရှိများက စစ်ဆေးတွေ့ရှိရသဖြင့်၊ ဆိုင်ကို အပြီးအပိုင် ပိတ်သိမ်းရန် ချွန်ဘူရီပြည်နယ်အုပ်ချုပ်ရေးမှူးထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဒီသတင်းကိုလေ့လာကြည့်ရင် အရက်သေစာ သောက်စားမူးယစ်ပြီး အသိစိတ်လွတ်သွားတဲ့အခါ အသေးအမွှား ကိစ္စလေးကနေစပြီး လူ့အသက်တစ်ချောင်း ဆုံးရှုံးရတဲ့အထိ ကြီးမားတဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်ပေါ်နိုင်တယ်ဆိုတာကို သတိပြုမိမှာပါ။
ဒါကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ညီအစ်ကိုမောင်နှမတွေအနေနဲ့ အလုပ်ပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ အရက်သေစာ သောက်စားပျော်ပါးတဲ့အခါ မိမိထိန်းချုပ်နိုင်တဲ့ ပမာဏကိုသာ သောက်သုံးပါ။ အထူးသဖြင့် ညနက်ပိုင်းတွေမှာ လိုင်စင်မဲ့ ဘားတွေ၊ ကလပ်တွေနဲ့ လူစိမ်းတွေထူထပ်တဲ့ နေရာတွေကို သွားရောက်ခြင်းမှ အထူးရှောင်ကြဉ်ပါ။
မိမိသွားရောက်တဲ့ ဆိုင်မှာ တစ်စားပွဲနဲ့ တစ်စားပွဲ စကားများရန်ဖြစ်တာ၊ ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုးတွေ တွေ့ရရင် ဝင်ရောက်ကြည့်ရှုတာ၊ ဝင်ပါတာမျိုး လုံးဝ (လုံးဝ) မလုပ်ဘဲ၊ ကိုယ့်အဖွဲ့နဲ့ကိုယ် ဘေးကင်းရာကို ချက်ချင်း ရှောင်ထွက်သွားဖို့ အထူးသတိပေး တိုက်တွန်းလိုက်ရပါတယ်။

Previous Post  -  ဖူးခက်တွင် နိုင်ငံခြားသားမိသားစုက ကလေးငယ်များကို အသုံးပြု၍ ပစ္စည်းခိုးယူမှုဖြစ်ပွား

Comments