❝အရက်အတွက် စည်းကမ်း (၈) ခု အသစ်ထပ်ထုတ်တဲ့ ထိိုင်းနိုင်ငံ❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ထိုင်းနိုင်ငံရဲ့ အရက် ရောင်းချမှုနဲ့ သောက်သုံးမှုဆိုင်ရာ စည်းကမ်းချက် ၈ ခု ကို ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပြီး ချက်ချင်း အာဏာတည်မှာ ဖြစ်တယ်လို့ တော်ဝင်ပြန်တမ်းအရသိရပါတယ်။
.
ဒီတစ်ခါ အသစ်တိုးလာတာကတော့ အရက်မရောင်းရ၊ မသောက်ရ နေရာတွေ ထပ်တိုးလာတာပါ။
1. လမ်းပေါ် ဖြစ်ဖြစ်၊ မော်တော်ယာဉ်ပေါ်ဖြစ်ဖြစ်၊ လမ်းပေါ် ရပ်ထားတဲ့ ယာဥ်ပေါ်မှာဖြစ်ဖြစ် အရက်မရောင်းရ။
2. မီးရထားဘူတာရုံများနဲ့ ရထားပေါ်မှာအရက်ရောင်းချခြင်း မပြုရ။�
3.အများပြည်သူသုံး သင်္ဘောဆိပ်များနှင့် ကူးတို့ဆိပ်များတွင် အရက် ရောင်းချခြင်း သို့မဟုတ် သောက်သုံးခြင်း မပြုရ။
4-နိုင်ငံတစ်ဝန်းမှာရှိတဲ့ ခရီးသည်တင် ကားဂိတ်/ယာဉ်ရပ်နားစခန်းတွေမှာ ရောင်းချခြင်း၊ သောက်သုံးခြင်း မပြုရ။
5-စက်ရုံဝင်းများအတွင်း အရက် ရောင်းချခြင်း၊ သောက်သုံးခြင်း မပြုရ (အရက်ထုတ်လုပ်သည့် စက်ရုံတွေမှာတော့ လုပ်ငန်းသဘောအရ ရောင်းချခြင်း၊ မြည်းစမ်းခြင်းကို ခွင့်ပြုပါတယ်)။
6- အစိုးရဌာနများ၊ နိုင်ငံပိုင်လုပ်ငန်းများနှင့် အခြားသော အစိုးရအေဂျင်စီများက နေရာများမှာ ရောင်းချ/သောက်သုံးခြင်း မပြုရ
7.အများပြည်သူအပန်းဖြေရာ ပန်းခြံများအတွင်း သောက်စား/ရောင်းချခြင်းမပြုရ။
8- နိုင်ငံပိုင်လုပ်ငန်းများနှင့် အစိုးရအေဂျင်စီများ၏ ရုံးဝင်းအတွင်း ရောင်းချခြင်း၊ သောက်သုံးခြင်း မပြုရတို့ဖြစ်ပါတယ်။
.
အဲ့နေရာတွေမှာ သောက်မိရင်တော့ အရေးယူခံရနိုင်တယ်နော်။
Previous Post - ❝နာမည်ကြီးနေတဲ့ ဘန်ကောက် ဘတ် ၁၀၀၀ တန် တက္ကစီကျားဖျန့်❞
Comments
Post a Comment