ပထုံဌာနီမှာ ညဘက် ကွေ့တီယိုထွက်ဝယ်တဲ့ မြန်မာမိန်းကလေး ၁ ဦး ပျောက်ဆုံးနေအဆက်သွယ် မပြတ်ခင် ရဲစစ်ခံရသည်ဟု စာပို့ခဲ့

 


ပထုံဌာနီမှာ ညဘက် ကွေ့တီယိုထွက်ဝယ်တဲ့ မြန်မာမိန်းကလေး ၁ ဦး ပျောက်ဆုံးနေအဆက်သွယ် မပြတ်ခင် ရဲစစ်ခံရသည်ဟု စာပို့ခဲ့
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

ဧပြီလ ၂၆ ရက်နေ့မှာ ပထုံဌာနီဒေသမှာ နေထိုင်တဲ့ မြန်မာအမျိုးသမီးငယ်တစ်ဦးဟာ ကွေ့တီယိုထွက်ဝယ်ရင်း ပျောက်ဆုံးနေခဲ့တာ ယခုအချိန်ထိ ပြန်ရှာမတွေ့သေးဘူးလို့ သိရပါတယ်။ အဆိုပါ အမျိုးသမီးငယ်ဟာ သူမရဲ့ရည်းစားဖြစ်သူဆီကို ရဲစစ်ဆေးခံနေရတဲ့ပုံနဲ့ ဖုန်းသိမ်းတော့မယ်ဆိုတဲ့အကြောင်း နောက်ဆုံးစာပို့ခဲ့ပြီးနောက်ပိုင်း ဒီနေ့အထိ အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ပျောက်ဆုံးသူရဲ့ ဦးလေးဖြစ်သူဟာ UFF Labour အဖွဲ့ထံ အကူအညီတောင်းခံခဲ့တာကြောင့် တာဝန်ရှိသူတွေက ပထုံဌာနီရဲစခန်းအထိ သွားရောက်စုံစမ်းပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရဲစခန်းဘက်ကတော့ အဲဒီနေ့က တာဝန်ကျတဲ့ရဲတွေကို မေးမြန်းရာမှာ ဒီအမျိုးသမီးကို စစ်ဆေးခဲ့တာ၊ တွေ့ခဲ့တာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါ့အပြင် ရဲစစ်ဆေးခံနေရကြောင်း ပေးပို့ထားတဲ့ဓာတ်ပုံဟာလည်း ဝေဝါးနေတာကြောင့် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတည်ပြုဖို့ ခက်ခဲနေတယ်လို့ ရဲဘက်က တုံ့ပြန်ထားပါတယ်။


“ကျွန်တော်တို့ အမှန်တရား သိရဖို့အတွက် လမ်းဆုံလမ်းခွနဲ့ ဆီဆိုင်က CCTV မှတ်တမ်းတွေကို လိုက်လံကြည့်ရှုဖို့ ကြိုးစားခဲ့ပေမဲ့ ပြင်ဆင်ချိန်ကာလနဲ့ တိုက်ဆိုင်နေတာကြောင့် ဘာအထောက်အထားမှ ရှာကြည့်လို့မရခဲ့ပါဘူး” လို့ UFF Labourမှ တာဝန်ရှိသူတစ်ဦးက ဘီကွန်မြန်မာကို ပြောပါတယ်။ လက်ရှိအချိန်အထိ ရဲစခန်းဘက်က ကူညီပေးမယ်လို့ ပြောထားပေမဲ့ ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးတာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ စုံစမ်းဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

Previous Post  - နမ့်ဖူး ကန်တီရာ Miss World Thailand 2026 သရဖူ ဆွတ်ခူး (ဗီယက်နမ်တွင် ကျင်းပမည့် ကမ္ဘာ့အဆင့်ပြိုင်ပွဲသို့ သွားရောက်မည်)

ထိုင်း Land Bridge စီမံကိန်း- ရနောင်း-ချွန်ဖွန် လမ်းကြောင်းသစ်နှင့် နောက်ဆုံးအခြေအနေ

Comments