ထိုင်း အလုပ်သမား ဝန်ကြီးက တစ်နိုင်ငံလုံးမှာ နိုင်ငံခြားသား အလုပ်သမား ပါမစ်တွေကို အရေးပေါ် စ-စ်ဆေးဖို့ ညွှန်ကြား

 


ထိုင်း အလုပ်သမား ဝန်ကြီးက တစ်နိုင်ငံလုံးမှာ နိုင်ငံခြားသား အလုပ်သမား ပါမစ်တွေကို အရေးပေါ် စ-စ်ဆေးဖို့ ညွှန်ကြား

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

ထိုင်းနိုင်ငံ၊ Surat Thani ပြည်နယ်၊ Koh Phangan ကျွန်းရှိ ကလေးထိန်းကျောင်းတစ်ခုမှာ တရားမဝင်နိုင်ငံခြားသားအလုပ်သမားတွေ ခန့်ထားတယ်ဆိုတဲ့ သတင်းကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက မေလ ၁ ရက်နေ့မှာ ဝင်ရောက်စ-စ်ဆေးခဲ့ပါတယ်။ ဒီစ-စ်ဆေးမှုမှာ ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသား စုစုပေါင်း ၉ ယောက်ကို ဖ-မ်းဆီးရမိခဲ့ပါတယ်။ ဒါကြောင့် အလုပ်သမားဝန်ကြီး Julapun Amornvivat က နိုင်ငံတစ်ဝန်းမှာရှိတဲ့ လုပ်ငန်းခွင်တွေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို အရေးပေါ် စ-စ်ဆေးဖို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Somchai Morakotsriwan ကလည်း ဝန်ကြီးရဲ့ ညွှန်ကြားချက်အတိုင်း ဘန်ကောက်နဲ့ နယ်အသီးသီးက ရုံးခွဲတွေကို တင်းတင်းကျပ်ကျပ် စ-စ်ဆေးဖို့ ဆင့်ဆိုထားပါတယ်။ အထူးသဖြင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိတဲ့သူတွေနဲ့ ခွင့်ပြုထားတဲ့ အလုပ်အမျိုးအစားအပြင် တခြားအလုပ်တွေ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လုံခြုံရေးအရ စောင့်ကြည့်ဖို့လိုအပ်တဲ့ နိုင်ငံခြားသားအုပ်စုတွေကို အလုပ်လုပ်ကိုင်ခွင့် ထုတ်ပေးတဲ့နေရာမှာလည်း အရင်ကထက် ပိုပြီး စေ့စေ့စပ်စပ် စ-စ်ဆေးသွားမယ်လို့ သိရပါတယ်။



ပြစ်ဒဏ်များ

🔶အလုပ်သမားများအတွက်

အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေဟာ ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ချမှတ်ခံရမယ့်အပြင် နေရပ်ပြန်ပို့ခံရမှာဖြစ်ပြီး ၂ နှစ်ကြာအောင် အလုပ်လုပ်ကိုင်ခွင့် ထပ်မံလျှောက်ထားလို့ ရမှာမဟုတ်ပါဘူး။ 

🔶အလုပ်ရှင်များအတွက်

အလုပ်ရှင်တွေအနေနဲ့လည်း တရားမဝင်အလုပ်သမားတစ်ယောက်ချင်းစီအတွက် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ပေးဆောင်ရမှာဖြစ်ပါတယ်။ အကယ်၍ ပြစ်မှုထပ်ကျူးလွန်ရင်တော့ ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိဖြစ်စေ ချမှတ်ခံရမှာဖြစ်ပြီး နိုင်ငံခြားသားအလုပ်သမား ခန့်ထားခွင့်ကိုလည်း ၃ နှစ်အထိ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

Previous Post  - ပတ္တရားမှာ ထိုင်းရဲ့ ပထမဆုံး Tough Mudder အပြေးပြိုင်ပွဲ ကျင်းပပြီး လူပေါင်း ၂,၀၀၀ ကျော်ပါဝင်ခဲ့၊ ဝင်ငွေ ဘတ် သန်း ၁၅၀ ရရှိ

ဘန်ကောက်မှာ အစိုးရမီးလိုင်းကို ခိုးသုံးပြီး Bitcoin စက်တွေနဲ့ ငွေရှာတဲ့ မြန်မာ အမျိုးသမီးကို ဖ-မ်းဆီး

ဆေးရုံ တိုးချဲ့ဖို့ ဘတ် သန်း ၁,၀၀၀ တန်ကြေးရှိ မြေကို ရက်ရက်ရောရော လှူဒါန်းလိုက်တဲ့ Ubon Ratchathani က မိသားစု

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက



Comments