ဆေးရုံ တိုးချဲ့ဖို့ ဘတ် သန်း ၁,၀၀၀ တန်ကြေးရှိ မြေကို ရက်ရက်ရောရော လှူဒါန်းလိုက်တဲ့ Ubon Ratchathani က မိသားစု

 


ဆေးရုံ တိုးချဲ့ဖို့ ဘတ် သန်း ၁,၀၀၀ တန်ကြေးရှိ မြေကို ရက်ရက်ရောရော လှူဒါန်းလိုက်တဲ့ Ubon Ratchathani က မိသားစု

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချာဌာနီ (Ubon Ratchathani) ရှိ Smitthaman မိသားစုမှ အမွေဆက်ခံသူ မောင်နှမ ၄ ဦးဟာ ဝါရင်ချမ်ရတ် (Warin Chamrap) ဆေးရုံ  တိုးချဲ့နိုင်ဖို့အတွက် မြို့လယ်ခေါင်မှာရှိတဲ့ ဘတ်ငွေ ၁ ဘီလီယံ (ဘတ် သန်း ၁,၀၀၀) ခန့် တန်ဖိုးရှိတဲ့ မြေဧရိယာ ၆၇ ရိုင် (၁၀၇,၀၀၀ စတုရန်းမီတာ)နီးပါးကို လှူဒါန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ဆေးရုံအုပ်ကြီးနဲ့ တာဝန်ရှိသူတွေဟာ အလှူရှင်မိသားစုထံကနေ မြေလှူဒါန်းမယ့် စာလွှာကို တရားဝင် လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

လှူဒါန်းလိုက်တဲ့ မြေကွက်ဟာ ခမ်နမ်ဆပ် (Kham Nam Saep) ရပ်ကွက်မှာ တည်ရှိတာဖြစ်ပြီး ကွယ်လွန်သူ ဒုဗိုလ် Pin Smitthaman နဲ့ ဇနီးဖြစ်သူ Wichian Smitthaman တို့ရဲ့ သားသမီးတွေဖြစ်တဲ့ Prapit၊ Narumon၊ Laddawan နဲ့ Kannika Smitthaman တို့က ပူးပေါင်းလှူဒါန်းခဲ့တာပါ။ ဒီမြေနေရာကို ဒေသတွင်း တိုးပွားလာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ဆေးဘက်ဆိုင်ရာ ဗဟိုဌာနအသစ်တစ်ခု တည်ဆောက်ဖို့အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။



ဆေးရုံအုပ်ကြီး ဒေါက်တာ Piyawat က Smitthaman မိသားစုရဲ့ အခုလို ရက်ရောတဲ့ အလှူအတန်းအတွက် ဆေးရုံဝန်ထမ်းတွေနဲ့ ဒေသခံတွေကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီမြေကွက်ဟာ လက်ရှိဆေးရုံမှာ လူနာတွေ ပြည့်ကျပ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မှာဖြစ်သလို၊ လူနာတွေကို အရင်ကထက် ပိုမိုစုံလင်ပြီး ထိရောက်မြန်ဆန်တဲ့ ကုသမှုတွေ ပေးနိုင်ဖို့အတွက် အဓိက အခြေခံအုတ်မြစ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Previous Post  - ထိုင်းလက်ဖက်ရည် (Cha-Yen) ကမ္ဘာ့အဆင့် ၉ နေရာတွင် ရပ်တည်

လစ်သီယမ်ဘက်ထရီကား မီးလောင်မှုကြောင့် ဘန်ကောက်သို့ဝင်မည့် ဘန်နာ-ထရတ် လမ်းပိုင်းအချို့ ပိတ်ထားရ

❝ယောကျ်ား မိန်းမရှုပ်နေတာကို အတွင်းခံ အနံ့ကနေ သိပြီး ဖော်ထုတ်တရားစွဲမယ့် ထိုင်းအမျိုးသမီး❞

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက



Comments