❝လုပ်ခလစာ အငြင်းပွားရာကနေ အလုပ်ရှင်ကို သတ်ဖြတ်မိတဲ့ မြန်မာ ၄ ဦး❞

 


❝လုပ်ခလစာ အငြင်းပွားရာကနေ အလုပ်ရှင်ကို သတ်ဖြတ်မိတဲ့ မြန်မာ ၄ ဦး❞

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က ချင်းရိုင်ခရိုင် နယ်စပ်နားမှာ မြန်မာနိုင်ငံသား ၄ ဦး  တို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူတို့ဟာ  Mae Rim  မှာရှိတဲ့ သူတို့ရဲ့ အလုပ်ရှင်ကို သတ်ဖြတ်ပြီး မြန်မာနိုင်ငံဘက်ကို ခိုးထွက်ဖို့ ကြိုးစားနေတုန်း ဖမ်းမိခဲ့တာပါ။

.မေလ ၁ ရက်နေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင်မှာ အသက် ၄၉ နှစ်အရွယ်  (Thai Yai) လူမျိုး အလုပ်ရှင်  (Somchai) ကို သူတို့ ၄ ဦးက အလုပ်နေရာမှာပဲ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

.ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ အလုပ်သမား Su နဲ့ Yao တို့က အလုပ်ရှင် အိပ်ပျော်နေတုန်း ဓားနဲ့ လုပ်ကြံခဲ့တာဖြစ်ပြီး နောက်ထပ် ၂ ဦး Dam နဲ့ Boss တို့ကတော့ အပြင်ကနေ ကင်းစောင့်ပေးခဲ့တယ်လို့ဆိုပါတယ်။

.ဖမ်းဆီးခံရသူတွေရဲ့ ဝန်ခံချက်အရ အဓိကပြဿနာက "လုပ်ခလစာ" ကြောင့် ဖြစ်ပါတယ်။ အလုပ်ရှင်ဟာ သူတို့ရဲ့ လုပ်ခလစာတွေကို မပေးဘဲသိမ်းတာ၊ တောင်းတဲ့အခါမှ တစ်ခါတစ်လေ ပေးတာ၊ ပေးဖို့ ငြင်းဆန်တာတွေ လုပ်လေ့ရှိတာကြောင့် ခုလိုမျိုး ကြိုတင်စီစဉ်ပြီး သတ်ဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။

.သတ်ဖြတ်ပြီးနောက် သူတို့ ၄ ဦးဟာ အလုပ်ကနေ ထွက်ပြေးခဲ့ပြီး CCTV မှတ်တမ်းတွေကတစ်ဆင့် သူတို့ ချင်းရိုင်ဘက်ကို ဦးတည်သွားတာကို ရဲတွေက ခြေရာခံနိုင်ခဲ့ပါတယ်။ 

.နောက်ဆုံးမှာတော့ ချင်းရိုင်က နာမည်ကြီး White Temple (Wat Rong Khun) အနီးမှာ သူတို့ကို ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့ သူတို့ ၄ ဦးကို Mae Rim စခန်းကို ပြန်လည်လွှဲပြောင်းပေးထားပြီး လူသတ်မှုနဲ့ တရားစွဲဆို အရေးယူသွားမှာ ဖြစ်ပါတယ်။

Previous Post  - ❝ထိုင်းအမျိုးသားတွေရဲ့ နာမည်သုံးပြီး တရုတ်တွေနိုင်ငံသား လိမ်ပြီးခံယူနေ❞

"ခွန်ကန် (Khon Kaen) တွင် နွေရာသီမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အိမ်ခြေ ၃၅၀ ကျော် ပျက်စီးပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အရေးပေါ် ပြင်ဆင်နေ!"

"အိမ်ခြေရာမဲ့များကို ပစ်မှတ်ထားကာ ဆက်တိုက်သတ်ဖြတ်ခဲ့သည့် ကွင်းဆက်လူသတ်သမားကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးမိ!"

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments