"အိမ်ခြေရာမဲ့များကို ပစ်မှတ်ထားကာ ဆက်တိုက်သတ်ဖြတ်ခဲ့သည့် ကွင်းဆက်လူသတ်သမားကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးမိ!"

 


"အိမ်ခြေရာမဲ့များကို ပစ်မှတ်ထားကာ ဆက်တိုက်သတ်ဖြတ်ခဲ့သည့် ကွင်းဆက်လူသတ်သမားကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးမိ!" 

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အိမ်ခြေရာမဲ့ အမျိုးသား (၃) ဦးကို ဆက်တိုက်သတ်ဖြတ်ခဲ့ပြီး အလောင်းဖျောက်ဖျက်မှုများ ကျူးလွန်ခဲ့သည့် အသက် ၃၁ နှစ်အရွယ် ကွင်းဆက်လူသတ်သမား (Serial Killer) တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဖြစ်စဉ်အသေးစိတ် အချက်အလက်များ

မေလ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲအရ ပြည်နယ်ရဲတပ်ဖွဲ့ ဒေသ (၅) မှ အာဏာပိုင်များက သံသယရှိသူ 'ပန်ဟေး ပူလီ' (Panhay Puli) ကို ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ချင်းမိုင်မြို့၊ ချန်ဖွိုက် (Chang Pheak) ဈေးအနီး၌ ပြစ်မှုကျူးလွန်စဉ်က ဝတ်ဆင်ခဲ့သည့် အဝတ်အစားများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းကိုယ်တိုင်မှာလည်း အိမ်ခြေရာမဲ့တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

 ဧပြီလ ၂၉ ရက်နေ့တွင် ချင်းမိုင်မြို့ ရတနကိုစင် (Rattanakosin) တံတားအောက်၌ လည်ပင်းတွင် ဓားဒဏ်ရာဖြင့် မီးရှို့ခံထားရသော မယ်ဟောင်ဆောင်ပြည်နယ်မှ အသက် ၅၁ နှစ်အရွယ် အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ပါတယ်။

 ဧပြီလ ၃၀ ရက်နေ့တွင် ချင်းမိုင်မြို့ ခရူးဆာလီဝင်းပင်း (Khru Sali Wiang Ping) တံတားအောက်၌ ဒဏ်ရာများနှင့် ပါးစပ်မှ သွေးထွက်နေသော အသက် ၄၆ နှစ်အရွယ် ဒုတိယမြောက် အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦး၏ အလောင်းကို ထပ်မံတွေ့ရှိခဲ့ပါတယ်။

စုံစမ်းစစ်ဆေးသူများက ယခုအမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့က ချင်းရိုင်မြို့တွင် ဖြစ်ပွားခဲ့သော အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦး ရိုက်နှက်သေဆုံးမှုနှင့် ဆက်စပ်စစ်ဆေးခဲ့ရာ၊ CCTV မှတ်တမ်းများအရ တူညီနေကြောင်း တွေ့ရှိခဲ့ရပြီး သံသယရှိသူကိုယ်တိုင်ကလည်း လူသတ်မှု (၃) ခုစလုံးကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

လက်ရှိတွင် ၎င်းအား ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ သေဆုံးရသည့်အကြောင်းရင်းကို ဖုံးကွယ်ရန် အလောင်းကို ဖျောက်ဖျက်မှုတို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားပါတယ်။

ဒီသတင်းကိုလေ့လာကြည့်ရင် ထိုင်းနိုင်ငံရဲ့ မြို့ကြီးတွေမှာ ညဘက် လူသူကင်းမဲ့တဲ့ တံတားအောက်တွေ၊ ပန်းခြံတွေနဲ့ လမ်းဘေးတွေမှာ အိပ်စက်နေထိုင်သူတွေကို ပစ်မှတ်ထား အကြမ်းဖက်သတ်ဖြတ်တဲ့ ကွင်းဆက်လူသတ်သမားတွေ ရှိနေနိုင်တယ်ဆိုတာကို သတိပြုမိမှာပါ။

ဒါကြောင့် ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ညီအစ်ကိုမောင်နှမတွေအနေနဲ့ ညနက်ပိုင်း အချိန်တွေမှာ အလုပ်ကအပြန်ဖြစ်စေ၊ အပြင်သွားသည်ဖြစ်စေ လူပြတ်တဲ့ လမ်းကြားတွေ၊ တံတားအောက်တွေနဲ့ ပန်းခြံတွေဘက်ကို တစ်ဦးတည်း ဖြတ်သန်းသွားလာခြင်းမျိုး အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။

မတော်တဆ အလုပ်ပြုတ်တာ၊ အဆောင်က ဆင်းပေးရတာမျိုး ကြုံလာရင်တောင် လမ်းဘေးမှာ အိပ်စက်တာ၊ ဘူတာရုံလို နေရာမျိုးတွေမှာ အိပ်စက်တာတွေ လုံးဝ (လုံးဝ) မလုပ်ဘဲ၊ နီးစပ်ရာ မိတ်ဆွေ သူငယ်ချင်းတွေဆီမှာဖြစ်စေ၊ မြန်မာအချင်းချင်း ကူညီပေးတဲ့ အသင်းအဖွဲ့တွေဆီမှာဖြစ်စေ အကူအညီတောင်းခံ ခိုလှုံကြဖို့ အထူးသတိပေး တိုက်တွန်းလိုက်ရပါတယ်။

Previous Post  - "ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam) တွင် ပါဝင်သည်ဟု သံသယရှိသူ ထိုင်းနိုင်ငံသား ၆၃၅ ဦးကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်!"

"ကော့စမွီ (Koh Samui) တွင် ပုန်းခိုနေသည့် အစ္စရေး 'The Avengers' ရာဇဝတ်ဂိုဏ်းဝင်တစ်ဦးကို အင်တာပိုလ်နှင့် ပူးပေါင်းဖမ်းဆီး!"

"ဘန်ကောက် (Bangkok) တွင် နိုင်ငံမဲ့သူများကို ထိုင်းနိုင်ငံသားအဖြစ် မွေးစာရင်းအတုပြုလုပ်ပေးသည့် အစိုးရအရာရှိအပါအဝင် (၆) ဦး ဖမ်းဆီးခံရ!"

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments