ဘူရီရမ်ရှိ စာသင်ကျောင်းအိမ်သာအတွင်း ပုပ်နေပြီဖြစ်သော အလောင်းတစ်ခု တွေ့ရှိ
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
အဆိုပါအလောင်းကို မွန်းလွဲ ၁၁ နာရီခန့်တွင် ကျောင်းအနီးရှိ လယ်ကွင်း၌ အလုပ်လုပ်နေသော အသက် ၃၃ နှစ်အရွယ် ရွာလက်ထောက်တစ်ဦးက အိမ်သာတက်ရန်အသွား နံစော်သော အနံ့ဆိုးမှတစ်ဆင့် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
သေဆုံးသူမှာ အသက် ၄၀ နှင့် ၄၅ နှစ်ကြားရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ရင်ဘတ်တွင် တက်တူးတစ်ခု ပါရှိပါတယ်။ အလောင်းမှာ အိမ်သာဘေးတွင် လဲလျောင်းလျက်ရှိပြီး အနည်းဆုံး ၇ ရက်ခန့် သေဆုံးနေပြီဟု ခန့်မှန်းရပါတယ်။ အနီးရှိ အိမ်သာတစ်ခုအတွင်း၌ အတွင်းခံဘောင်းဘီ၊ အင်္ကျီနှင့် သွေးစွန်းသည့် အမှတ်အသားများကို တွေ့ရှိရပါတယ်။ သေဆုံးသူ၏ ခြေထောက်နှင့် ရင်ဘတ်တို့တွင် မြေပြင်ပေါ်၌ တရွတ်တိုက်ဆွဲခေါ်ခံထားရသည့် ပွန်းပဲ့ဒဏ်ရာများကို တွေ့ရှိရသောကြောင့် လူသတ်မှုဟု သံသယဖြစ်ဖွယ် ရှိနေပါတယ်။
သေဆုံးသူထံတွင် မည်သည့်မှတ်ပုံတင် စာရွက်စာတမ်းမှ မတွေ့ရှိရသလို၊ အနီးနားရှိ ကျေးရွာများတွင်လည်း လူပျောက်တိုင်ကြားထားခြင်း မရှိသေးကြောင်း သိရပါတယ်။ ၎င်းမှာ အခြားနေရာတွင် သတ်ဖြတ်ခံရပြီးမှ လာရောက်စွန့်ပစ်ခံရခြင်းလား သို့မဟုတ် အိမ်ခြေရာမဲ့တစ်ဦးလားဆိုသည်ကို ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။ အလားတူပင် ဖူးခက်ခရိုင် (Phuket) ရှိ စွန့်ပစ်ထားသော အဆောက်အအုံတစ်ခုအတွင်း၌လည်း ကျောတွင် ဟနုမာန်တက်တူးပါရှိသော ပုပ်ပွနေသည့် အမျိုးသားအလောင်းတစ်ခုကို တွေ့ရှိခဲ့ရပြီး ၎င်းမှာလည်း ၇ ရက်ခန့် သေဆုံးနေပြီဖြစ်ကြောင်း သိရပါတယ်။
Previous Post - ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် လျှပ်စီးထိမှန်၍ ရေနံစိမ်းသိုလှောင်ကန် မီးလောင်မှုဖြစ်ပွား
❝ဘန်ကောက်မှာ မိုးသည်းပြီး ရေကြီးနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်❞
❝အသက် (၇) နှစ်နဲ့ ပါတိမောက် အလွတ်ရွတ်ဆိုမယ့် ထိုင်းက ကိုရင်လေး❞
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment