❝ထိုင်းတစ်နိုင်ငံလုံးမှာ မိုးတုရွာသွန်းရေး လေယာဉ်တွေ ပျံတော့မယ်❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ထိုင်းနိုင်ငံ တော်ဝင်မိုးတုရွာသွန်းခြင်းနှင့် စိုက်ပျိုးရေးလေကြောင်းဦးစီးဌာနဟာ လာမယ့် မေလကနေ နှစ်ကုန်အထိ ကြုံတွေ့ရမယ့် အပြင်းအထန် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ရင်ဆိုင်ဖို့အတွက် မေလ ၁ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးမှာ မိုးတုရွာသွန်းရေး စခန်း ၆ ခုကို စတင်လိုက်ပါပြီ။
ထိုင်းရဲ့ ခရိုင် ၆ ခု (Phitsanulok/Buriram/ Surat Thani/ Nakhon Sawan/ Chanthaburi / Prachuap Khiri Khan) ခရိုင်တွေမှာ အခြေစိုက်ပြီး မိုးတုရွာသွန်းရေး လေယာဉ်တွေ ပျံသန်းမှာပါ။ အဓိကကတော့ ဆည်တွေထဲမှာ ရေဝင်ရောက်မှု တိုးလာစေဖို့နဲ့ စိုက်ပျိုးရေးမြေတွေ မိုးခေါင်လို့ ပျက်စီးမသွားအောင် မိုးတုရွာသွန်းပေးဖို့ ဖြစ်ပါတယ်။
.ပြီးခဲ့တဲ့ မတ်လကနေ ဧပြီလအထိ ရွာသွန်းမှူ ၄၀၀ ကျော် လုပ်ဆောင်ခဲ့ရာမှာ ၉၈% ကျော် အောင်မြင်ခဲ့ပြီး ခရိုင် ၃၃ ခုက စိုက်ပျိုးမြေတွေအတွက် ရေရရှိစေခဲ့ပါတယ်။
.မိုးတုရွာသွန်းခြင်းဟာ မိုးခေါင်တာကို ကာကွယ်ရုံတင်မကဘဲ ဘန်ကောက်နဲ့ မြောက်ပိုင်းဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ PM 2.5 လေထုညစ်ညမ်းမှုကိုလည်း လျှော့ချပေးနေပါတယ်။ ဘန်ကောက်မှာ မိုးတုရွာသွန်းပေးခြင်းကြောင့် လေထုအရည်အသွေးဟာ နဂိုထက် ၉၁% ထိ ကောင်းမွန်လာခဲ့တယ်လို့ ဆိုပါတယ်။
.ထိုင်းအစိုးရဟာ အခုလို အယ်လ်နီညိုကြောင့် ရေရှားပါးမှုပြဿနာကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရေလှောင်ကန်တွေထဲမှာ ရေစုဆောင်းတာ၊ မိုးတုရွာသွန်းတာနဲ့ စောင့်ကြည့်စစ်ဆေးတာတွေကို ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Previous Post - "နွန်ထဘူရီဈေးအတွင်း E-Cigarette (အီး-စီးကရက်) များ တရားမဝင် ရောင်းချနေသည့်ဆိုင် ဝင်ရောက်စီးနင်းခံရပြီး ဘတ် ၂ သိန်းဖိုး သိမ်းဆည်းရမိ!"
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment