"ကြောင် Spa အမည်ခံကာ ကလေးသူငယ် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး (ဘတ် သန်း ၂၀ ဖိုး ငွေကြေးခဝါချမှု ဖော်ထုတ်ရရှိ)"

 


"ကြောင် Spa အမည်ခံကာ ကလေးသူငယ် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး (ဘတ် သန်း ၂၀ ဖိုး ငွေကြေးခဝါချမှု ဖော်ထုတ်ရရှိ)"

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

ထိုင်းနိုင်ငံ၊ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန (AHTD) တို့ ပူးပေါင်း၍ “CLOSE CAT SPA” အမည်ရ စစ်ဆင်ရေးကို ပါသွမ်ဌာနီပြည်နယ်တွင် ပြုလုပ်ခဲ့ရာ ကြောင် Spa အမည်ခံ၍ ကလေးသူငယ် ပြည့်တန်ဆာလုပ်ငန်း လည်ပတ်နေသူ (၃) ဦးကို ဝင်ရောက်စီးနင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဖမ်းဆီးရမိသူ (၃) ဦး

ဒုရဲမှူးကြီး ဝေကျယာဖတ် (ခေါ်) Sister Way (အသက် ၃၃ နှစ်) - ဆိုင်ပိုင်ရှင်

မစ္စတာ သာဝပ်ချိုင်း (ခေါ်) Brother Ding (အသက် ၃၂ နှစ်) - ဆိုင်ပိုင်ရှင်၏ ခင်ပွန်း

မစ္စ ယုဝဒီ (ခေါ်) Sister Duean (အသက် ၃၈ နှစ်) - ဆိုင်မန်နေဂျာ

ကျူးလွန်ပုံနှင့် စစ်ဆေးတွေ့ရှိချက်များ

 အဆိုပါဆိုင်တွင် လိင်လုပ်သား ၂၂ ဦးရှိသည့်အနက် ၇ ဦးမှ ၈ ဦးခန့်မှာ အသက် ၁၈ နှစ်အောက်များ ဖြစ်ကြပါတယ်။ ကယ်တင်နိုင်ခဲ့သည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ထွက်ဆိုချက်အရ တစ်နေ့လျှင် ဖောက်သည် ၇ ဦးခန့်ကို အတင်းအကျပ် ဝန်ဆောင်မှုပေးခဲ့ရပါတယ်။ နောက်ထပ် တွေ့ရှိရသည့် အသက် ၁၇ နှစ်အရွယ် သားကောင်တစ်ဦးမှာ ဆိုင်ပိုင်ရှင် ဒုရဲမှူးကြီး ဝေကျယာဖတ်၏ တူမအရင်းဖြစ်နေကြောင်းလည်း သိရပါတယ်။

 မိန်းကလေးများ ဓမ္မတာလာနေချိန်တွင်ပင် အလုပ်မနားရဘဲ ရေမြှုပ်များကို အသုံးပြုကာ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးရန် အတင်းအကျပ် ခိုင်းစေခဲ့ပါတယ်။ ဖောက်သည်များကို သေချာဝန်ဆောင်မှု မပေးနိုင်ပါက မစ္စတာ သာဝပ်ချိုင်းဆိုသူက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်လေ့ရှိပါတယ်။

 ဤလုပ်ငန်းကို ကြောင် Spa အဖြစ် မျက်နှာစာပြ အသွင်ယူကာ ၇ နှစ်ခန့် လည်ပတ်ခဲ့ပြီး၊ ဆက်စပ်ဘဏ်အကောင့် ၁၀ ခုမှတစ်ဆင့် စုစုပေါင်းဝင်ငွေ ဘတ် သန်း ၂၀ ကျော်ကို ငွေကြေးခဝါချထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများ

အာဏာပိုင်များ၏ ရှာဖွေမှုအတွင်း ကွန်ဒုံးအခု ၅၀၀ ကျော်၊ ရေမြှုပ်ဘူးများ၊ မိုဘိုင်းဖုန်းနှင့် အီလက်ထရွန်းနစ်ပစ္စည်းများအပြင် လုပ်အားခမရရှိကြောင်း ယခင်က တိုင်ကြားထားသည့် ဝန်ထမ်းဟောင်းတစ်ဦး၏ ရဲမှတ်တမ်းတစ်ခုတို့ကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။

နောက်ဆက်တွဲ အရေးယူမှု

လက်ရှိတွင် သံသယရှိသူ (၃) ဦးစလုံးက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားပြီး ၎င်းတို့ကို လူကုန်ကူးမှု ပူးပေါင်းကြံစည်မှု ဥပဒေများဖြင့် အမှုဖွင့် အရေးယူထားပါတယ်။ ကယ်တင်နိုင်ခဲ့သည့် ကလေးငယ်များကိုမူ လူကုန်ကူးမှု သားကောင်များ စောင့်ရှောက်ရေးစင်တာသို့ ပို့ဆောင်ကာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရပါတယ်။

(အချက်အလက်များကို Naewna သတင်းဌာနမှ ကိုးကားဖော်ပြထားပါသည်။)

Previous Post  - "ကော့ဖန်ဂန် (Koh Phangan) တွင် နေ့ကလေးထိန်းကျောင်းအမည်ခံကာ တရားမဝင် ဖွင့်လှစ်ထားသော ကျောင်းကို ဝင်ရောက်စီးနင်းရာ မြန်မာအလုပ်သမား ၄၀ ဦး တွေ့ရှိ!"

❝မေလ ၄ ရက် နန်းတက်ပွဲနေ့ အထိမ်းအမှတ် - ထိုင်းအဝေးပြေးလမ်းမကြီး ၃ ခုမှာ လမ်းအသုံးပြုခ အခမဲ့❞

❝၂၀၂၇ ထိ ပြင်းထန်မယ့် မိုးခေါင်မှုကို အသင့်ပြင်ထားဖို့ ထိုင်းအစိုးရ သတိပေး❞

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments