မြန်မာ ၄ ဦး လာခေါ်မည့် လမ်းပြကို စောင့်နေစဉ် ကန်ချနာပူရီမှာ လှည့်ကင်းရဲနဲ့ တွေ့ပြီး အဖမ်းခံရ

 


မြန်မာ ၄ ဦး လာခေါ်မည့် လမ်းပြကို စောင့်နေစဉ် ကန်ချနာပူရီမှာ လှည့်ကင်းရဲနဲ့ တွေ့ပြီး အဖမ်းခံရ
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်၊ လာဆာလ်ကျောင်းအနီးက လမ်းကြားထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို နယ်မြေခံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက မေလ ၈ ရက်နေ့ ညဥ့်နက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖမ်းဆီးမှုကို ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့အတူ စံခလပူရီရဲစခန်း၊ နယ်ခြားစောင့်ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ စုပေါင်းပြီး နယ်မြေလုံခြုံရေး စစ်ဆေးနေစဉ်အတွင်း အခုလို ဖမ်းဆီးနိုင်ခဲ့တာပါ။

အဖမ်းခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ၄ ဦး ပါဝင်ပြီး သူတို့ဟာ အမှတ် (၃) ရပ်ကွက်၊ နောင်လူးကျေးရွာအုပ်စုအတွင်းမှာ မသင်္ကာဖွယ် ထိုင်နေတာကို လှည့်ကင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ စစ်ဆေးကြည့်တဲ့အခါမှာတော့ သူတို့ဟာ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ဖို့ တရားဝင်အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။


အာဏာပိုင်တွေရဲ့ စုံစမ်းချက်အရ ဒီလူစုဟာ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းပြီး တောလမ်းကနေ ဝင်ဖို့အတွက် လမ်းပြလာပေးမယ့်သူကို ချိန်းဆိုထားတဲ့နေရာမှာ ထိုင်စောင့်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ကို တရားမဝင် ခိုးဝင်မှုနဲ့ အမှုဖွင့်ထားပြီး လိုအပ်တဲ့ ဥပဒေကြောင်းအရ အရေးယူမှုတွေ ဆက်လုပ်နိုင်ဖို့ စံခလပူရီရဲစခန်းဆီကို လွှဲပြောင်းပို့ဆောင်ထားတယ်လို့ ထိုင်းသတင်းအရ သိရပါတယ်။


အခုနောက်ပိုင်း နယ်စပ်ဒေသတွေမှာ အထောက်အထားမဲ့ ဝငရောက်လာမှုတွေ များပြားနေတာကြောင့် အာဏာပိုင်တွေဘက်ကလည်း နယ်မြေအတွင်း ပိုက်စိပ်တိုက် စစ်ဆေးမှုတွေကို အရင်ကထက် ပိုမိုတင်းကျပ်စွာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

 Previous Post  - လမ်းပြကားအသုံးပြု၍ ဝင်လာသည့် မြန်မာအလုပ်သမား ၁၃ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးပွဲစားကြေး ၂၀,၀၀၀ ပေးပြီးလာခဲ့ရ

ဒီနေ့ ခရိုင် ၅၇ မှာ မိုးသက်လေပြင်း ကျနိုင်တရုတ်ကလာသည့် လေအေးများကြောင့် ဘန်ကောက်အပါအဝင် နေရာအချို့ မိုးကြီးနိုင်

"ဘန်ကောက်ရှိ တိရစ္ဆာန်ရုံ (၂) ခုမှ တိရစ္ဆာန်များကို ဝင်ရောက်ခိုးယူခဲ့သည့် ထိုင်းစုံတွဲ ဖမ်းဆီးခံရ!"

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက



Comments