လမ်းပြကားအသုံးပြု၍ ဝင်လာသည့် မြန်မာအလုပ်သမား ၁၃ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးပွဲစားကြေး ၂၀,၀၀၀ ပေးပြီးလာခဲ့ရ

 


လမ်းပြကားအသုံးပြု၍ ဝင်လာသည့် မြန်မာအလုပ်သမား ၁၃ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးပွဲစားကြေး ၂၀,၀၀၀ ပေးပြီးလာခဲ့ရ
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

အယုဒ္ဓယခရိုင်၊ ဘန်ဆန်မြို့နယ်ထဲက အဝေးပြေးလမ်းမပေါ်မှာ ရှေ့ကနေ လမ်းပြကားနဲ့ စနစ်တကျ အချိတ်အဆက်လုပ်ပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတန်းကို အဝေးပြေးရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဖမ်းဆီးလိုက်ပါတယ်။ ဒီဖမ်းဆီးမှုမှာ ကားမောင်းသမား ၂ ဦး အပါအဝင် စုစုပေါင်း မြန်မာနိုင်ငံသား ၁၅ ဦးကို ကားနှစ်စီးနဲ့အတူ လက်ရဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က သတင်းကြိုရထားတာကြောင့် လမ်းကြောင်းတစ်လျှောက် စောင့်ကြည့်နေစဉ်မှာ ကားနှစ်စီးဟာ တစ်စီးနဲ့တစ်စီး မီတာ ၅၀၀ ကျော် အကွာအဝေးခြားပြီး သံသယဖြစ်ဖွယ် မောင်းနှင်လာတာကို တွေ့ခဲ့ရတာပါ။ ကီလိုမီတာ ၃၀ နီးပါး နောက်ယောင်ခံလိုက်ပြီးနောက် တားဆီးစစ်ဆေးရာမှာတော့ မှန်အမည်းတွေ ကပ်ထားတဲ့ ကားထဲမှာ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမား ၁၃ ဦးကို အပြည့်အသိပ် တင်ဆောင်လာတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။


 ကားမောင်းသမား မြန်မာအမျိုးသားနှစ်ဦးကတော့ သူတို့ဟာ Messenger ကနေတစ်ဆင့် အချိတ်အဆက်လုပ်ပြီး နခွန်စဝမ်ကနေ ဘန်ကောက်ကို ပို့ဆောင်ပေးဖို့ဖြစ်ပြီး အခုလို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ဖူးကြောင်း ဝန်ခံထားပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ မြန်မာဘက်ကနေ လှေနဲ့ကူးလာပြီး မဲဆောက်ဘက်က သဘာဝလမ်းကြောင်းတွေကနေတစ်ဆင့် ဝင်လာကြတာပါ။ ထိုင်းနိုင်ငံထဲမှာ အလုပ်အကိုင်ရဖို့အတွက် ပွဲစားတွေကို တစ်ယောက်ကို ဘတ် ၂၀,၀၀၀ စီ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ ကားမောင်းသမားတွေနဲ့ အလုပ်သမား ၁၃ ဦးစလုံးကို ဘန်ဆန်ရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။ တရားမဝင် ဝင်ရောက်မှုနဲ့ လူကုန်ကူးမှုဆိုင်ရာ ဥပဒေတွေအရ စစ်ဆေးမေးမြန်းနေပြီး အမှုကိစ္စတွေ ပြီးပြတ်တာနဲ့ နေရပ်ပြန်ပို့နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာပါ။ အဝေးပြေးရဲတပ်ဖွဲ့အနေနဲ့လည်း အခုလို တရားမဝင် ခိုးဝင်မှုတွေကို လမ်းကြောင်းအသီးသီးမှာ အရှိန်အဟုန်မြှင့် စောင့်ကြည့်ဖမ်းဆီးသွားမယ်လို့ အဝေးပြေးရဲတပ်ဖွဲ့က အသိပေးထားပါတယ်။

 Previous Post  - ဒီနေ့ ခရိုင် ၅၇ မှာ မိုးသက်လေပြင်း ကျနိုင်တရုတ်ကလာသည့် လေအေးများကြောင့် ဘန်ကောက်အပါအဝင် နေရာအချို့ မိုးကြီးနိုင်

"ဘန်ကောက်ရှိ တိရစ္ဆာန်ရုံ (၂) ခုမှ တိရစ္ဆာန်များကို ဝင်ရောက်ခိုးယူခဲ့သည့် ထိုင်းစုံတွဲ ဖမ်းဆီးခံရ!"

ထိုင်းနိုင်ငံ၊ စမွတ်ဆောင်ခရမ်တွင် တရားမဝင် အမှတ်တံဆိပ်ကပ်ထားသည့် ငါးသေတ္တာဘူး အမြောက်အမြား ထပ်မံဖမ်းဆီးရမိ

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက



Comments