ဟောင်ကောင်ဒီမိုကရေစီ အရေးလှုပ်ရှားသူ ထိုင်းမှာ ဖမ်းခံရ

 


❝ဟောင်ကောင်ဒီမိုကရေစီ အရေးလှုပ်ရှားသူ ထိုင်းမှာ ဖမ်းခံရ❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေနဲ့ အလိုရှိနေတဲ့ တက်ကြွလှုပ်ရှားသူ Zhang Xinyan ကို ထိုင်းအာဏာပိုင်တွေက ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှု နဲ့ ဖမ်းဆီးလိုက်ပါတယ်။
.
အသက် ၅၅ နှစ်အရွယ် Zhang ဟာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုအပြင် YouTube မှာ အင်တာဗျူးအစီအစဉ် တင်ဆက်လို့ တရားမဝင် အလုပ်လုပ်ကိုင်တယ်ဆိုတဲ့ အမှုတွေနဲ့ စွဲချက်တင်ခံထားရပါတယ်။
.
ဟောင်ကောင်နဲ့ တရုတ်အစိုးရတို့ရဲ့ အလိုရှိစာရင်းမှာ ပါဝင်နေသလို သူ့ကို ဖမ်းဆီးနိုင်ရင် ဟောင်ကောင်ဒေါ်လာ ၂ သိန်း (ဘတ် ၈ သိန်းကျော်) ဆုကြေးငွေ ထုတ်ပြန်ထားပါတယ်။ သူ့ရဲ့ တရုတ်နိုင်ငံကူးလက်မှတ် ကိုလည်း ပယ်ဖျက်ထားခြင်း ခံရထားပြီး ဘန်ကောက်ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ကနေ ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် ရရှိထားသူ ဖြစ်ပါတယ်။



.ဒါပေမဲ့ ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတာ မရှိတဲ့အတွက် UN ဒုက္ခသည်တွေကိုလည်း လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူလေ့ ရှိပါတယ်။
.
Human Rights Watch အဖွဲ့အစည်းက Sunai Phasuk ကတော့ Zhang ကို တရုတ်နိုင်ငံဆီ ပြန်ပို့မယ်ဆိုရင် သူ့အတွက် အန္တရာယ်ရှိနိုင်ပြီး၊ ဒါဟာ ထိုင်းနိုင်ငံရဲ့ ညှင်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေးဥပဒေကိုလည်း ချိုးဖောက်ရာ ရောက်နိုင်တယ်လို့ပြောပါတယ်။ လက်ရှိမှာတော့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ထိုင်းအစိုးရ ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်နေပါတယ်။

Previous Post  - ❝ထိုင်းမှာ ဒူးရင်းသီး ဘတ် ၄ သန်းဖိုး လေတိုက်လို့ပျက်စီး❞

Comments